ဝေဒနာနိုင်အောင်ရှု နည်း
@@@@@@@@@@@
တရားထိုင်သူအယောက်၁၀၀မှာ
၉၀လောက်ကဝေဒနာကိုကျော်အောင်မရှု မှတ်နိုင်တာ
တွေ့ရပါတယ် ဝေဒနာနဲ့ငါနဲ့နပန်းလုံးနေရပြီးနောက်ဆုံး
အရှုံးပေးလိုက်ရတဲ့အကြိမ်တွေလည်းမရေတွက်နိုင်
တော့ပါဘူး
အခုဝေဒနာကိုကျော်လွန်နိုင်စေဖို့ကျွန်တော်ကိုယ်တိုင်
ရှု မှတ်တဲ့နည်းလေးတစ်ခုကိုမျှ ဝေပေးပါ့မယ်
အမှန်ကမိတ်ဆွေတို့ဝေဒနာလို့ထင်နေတဲ့ရှု မှတ်နေတဲ့
အရာသည်ကာယိကဒုက္ခသက်သက်သာလျှင်ဖြစ်ပါ
တယ် ရုပ်ဖောက်ပြန်တာပေါ့ခင်ဗျာ တရားထိုင်ချိန်ကြာ
လာတော့သွေးလေလှည့်ပတ်စီးဆင်းမှုတွေဟန်ချက်
မညီလို ဓါတ်လေးပါးမမျှမတဖြစ်ပြီးပေါ်လာတာတွေပါ
ဒါကိုဓါတ်ပေါ်တယ်လို့ခေါ်ပါတယ်
ဒါကိုနာမ်ခန္ဓာလေးပါးကဝေဒနက္ခန္ဓာကခံစားမိလို့
နာတယ်ကျင်တယ် တောင့်တင်းကိုက်ခဲတယ်လို့ထင်
နေခြင်းဖြစ်ပါတယ် ဘာလို့ထင်နေသလဲ?ဆိုရင်သညာ
ခန္ဓာကငါ့ခန္ဓာလို့မှတ်သားပေးလို့ ဝေဒနာနဲ့သညာပေါင်း
မိသွားလို့ငါနာတယ်ဖြစ်လာခြင်းပါဘဲ
ဝေဒနာနဲ့သညာကပေါင်းလိမ်လိုက်လို့ဝိဥာဏခန္ဓာဟာ
အမှားသိသိပြီး ငါနာတယ်ဆိုတဲ့အသိဖြစ်လာရခြင်းပါ
အမှန်ကရုပ်ကဖောက်ပြန်ရုံသက်သက်ပါမသိတတ်ပါ
ဘူး ဝိဥာဏခန္ဓာကလဲသိရုံသိတာပါမခွဲခြားတတ်မခံ
စားတတ်ပါဘူး သညာကခွဲခြားပြီးဝေဒနာကခံစားပေး
လိုက်လို့နာကျင်ကိုက်ခဲသိဖြစ်ပေါ်လာခြင်းပါအရမ်းပြင်း
ထန်လာရင်မခံမရပ်နိုင်ဖြစ်ပြီးဖြု တ်ပလိုက်ရတာအကြိမ်
ပေါင်းမနည်းတော့ဘူး ဘယ်လိုကျော်လွန်နိုင်မလဲအဖြေ
ရှာကြည့်ရအောင်ပါ
ကျွန်တော်ကတော့စထိုင်ကတည်းကအသိလိုက်ပါတယ်
ဝင်တစ်ချက်ကိုသိတယ်သိတယ်သိတယ်သိတယ်နဲ့ဆုံး
တဲ့အထိလိုက်ပေးပါနယ်ထွက်တစ်ချက်ကိုလဲသိတယ်
သိတယ်သိတယ်သိတယ်နဲ့ဆုံးတဲ့အထိအသိလိုက်ပေး
ပါတယ်စိတ်ကိုနှာသီးဝကနေမလွတ်အောင်သတိနဲ့ကပ်
ထားပါတယ်ဘာ့ကြောင့်လဲစေတသိတ်တွေအားကောင်း
မလာအောင်အသိနဲ့သမာဓိကိုထူထောင်လိုက်တာပါ
ဒီလိုအသိလိုက်ပေးနေရင်တရစပ်သိပေးနေတဲ့အတွက်
တော်ရုံဝေဒနာကိုသတိမထားမိပါဘူး ပြင်းထန်လာမှ
သာသတိပြု မိပါလိမ့်မယ် ဝေဒနာကိုဒီအချိန်မှာခံနိုင်ရည်
လဲရှိနေပါလိမ့်မယ်
ဒီအချိန်မှာမိမိဘာသာဆုံးဖြတ်ပါဝေဒနာကိုတိုက်ရိုက်
ရှုနိုင်တဲ့သမာဓိရထားတာမို့လို့ကပ်ရှုမလား ပထမရှု
လာတဲ့မူလကမ္မဌာန်းနှာသီးဝကိုဘဲရှု မလား နှာသီးဝ
ကိုရှု မယ်ဆိုရင်တော့ဝေဒနာကိုခွာရှု တာဖြစ်ပါတယ်
ဒီလိုသမာဓိရလာရင်တော့ကျွန်တော်ကတော့ကပ်ရှု
ပါတယ်တိုက်ရိုက်ရှု တာပေါ့ စိတ်ကိုအပြင်းထန်ဆုံးနေ
ရာကိုကပ်ပြီးသိတယ်သိတယ်နဲ့တရစပ်အသိလိုက်ပေး
ပါတယ် ဝေဒနာဟာဒီရေလိုပါဘဲတက်ပြီးရင်ပြန်ကျတာ
ဖြစ်လို့ဒီနည်းနဲ့အသိလိုက်ပေးရင်ဝေဒနာအဆုံးအထိ
ရှု မှတ်နိုင်ကြပါလိမ့်မယ် ဝေဒနာဆုံးသွားရင်ချမ်းသာ
မှုကိုသိပါလိမ့်မယ်သိတယ်သိတယ်နဲ့တရစပ်လိုက်
ပေးရပါမယ် အသိစိတ်ရှိနေသ၍အသိလိုက်ပေးရမှာ
ဖြစ်ပါတယ်အသိစိတ်ကုန်တဲ့အထိလိုက်ပေးရမှာပါ
အသိစိတ်တွေဟာရှေ့အသိပျက်နောက်အသိအစားထိုး
ပြီးသိတယ်သိတယ်လိုက်နေရင်းနဲ့သိစိတ်ချုပ်ငြိမ်းပြီး
နိဗ္ဗန်ကိုမျက်မှောက်ပြု နိုင်ကြပါလိမ့်မယ်
သဒ္ဒါ ဝိရိယ သတိ သမာဓိ ပညာ ဗိုလ်ငါးပါးလက်ကိုင်
ထားပြီးရှု မှတ်နိုင်ကြပါစေကုန်သတည်း
ဒုက္ခကင်းရာနိဗ္ဗန်[ဝိမုတ္တိရသ]