သောတာပန် မှသည် သကဒါဂါမ်သို့ အကူး

သောတာပန် မှသည် သကဒါဂါမ်သို့ အကူး

  ရုပ်..နာမ်...သဘာဝ..ဖြစ်ပျက်တို့..ချုပ်ငြိမ်း၍
ဒုက္ခကုန်​ဆုံးလျှက်..သုခချမ်းသာခြင်းကို ခံစားရပြီး ပညတ်..ပရမတ်တို့ကို သမာဓိမျက်စိဖြင့် မြင်တွေ့ကာ ဝိစိကိစ္ဆာ ကင်းကွာ၍ အတ္တဒိဋ္ဌိသက္ကာယ အစွဲသည်
ရုပ်ဝေဒနာ ဓာတ်ကြီးလေးပါး(ပရမတ်ရုပ်)
အပေါ်မှ ဥပါဒါန် ချုပ်ငြိမ်းကြရသော အရိယာ
နွယ်ဝင် ပုဂ္ဂိုလ်တို့ကို သောတာပန်ပုဂ္ဂိုလ်ဟု
ခေါ်ဆိုပါသည်။

   သောတာပန်အရိယာဟူသည်မှာ..
ရိုးရိုးသာမညပုဂ္ဂိုလ်ပင် ဖြစ်သည်။ ရင်ဝတွင်
စာဆွဲထားသည်မဟုတ်။ခန္ဓာကိုယ်ပေါ်တွင်
လည်း #သောတာပန် ဟူ၍ အမှတ်လက္ခဏာ ပြထားသည်လည်းမဟုတ်
၍ ရုတ်တရက် သိရှိခြင်းငှါ မစွမ်းနှိုင်ချေ။

    သို့သော်..အထက်ပါ သောတာပန်တို့၏
စိတ်နေ သဘောထားသည်သာလျှင် ထူးခြား
စွာ ပြောင်းလဲသွားကြရပါသည်။

   ပြောင်းလဲပုံမှာ...
သောတာပန်အရိယာပုဂ္ဂိုလ်တိုင်း...
၁။ သီလ
၂။ သမာဓိ
၃။ ပညာ....ပြည့်စုံလာသည်ကို ဆန်းစစ်၍
                သိရှိလာနှိုင်ပေသည်။

 သီလ..ဟူသည်..
ယခင်အခါက ၅ပါးသီလကို ဘုရားတွင်၎င်း၊
သံဃာတော်များထံတွင်၎င်း..တောင်းခံပြီးမှ
ထိန်းသိမ်းဆောက်တည်ကြရ၏။

  အချို့ဂိုဏ်းဝင်ပုဂ္ဂိုလ်တို့မှာ အဓိဋ္ဌာန်ပြု၍၎င်း
စောင့်ထိန်းကြရပါသည်။

   ယခုမူ..အလိုအလျောက် #အနတ္တသဘာဝဖြင့် ရုပ်နာမ်ကွဲပြားခြင်း၊
ဒိဋ္ဌိဝိစိကိစ္ဆာ ကင်းကွာရုံမျှနှင့် အလိုလို လုံခြုံ
လျှက် စောင့်ထိန်းပြီးသား ဖြစ်နေကြောင်း
သိရှိလာပါတော့သည်။ငါးပါးသီလသည်..
#ခါးဝတ်ပုဆိုးကဲ့သို့ မြဲလာသည်ကို တွေ့ရပါလိမ့်မည်။

  ၎င်းအပြင်..မိမိ၏ စိတ် သည်လည်း
အခြားပြင်ပသို့ ပျံ့လွင့်ခြင်းကင်းလျှက် အမြဲ
လိုလိုပင် ခန္ဓာကိုယ်တွင်း အဇ္ဇျတ္တ၌သာ
ကိန်းဝပ်လျှက် နှာသီးဖျားလေ တိုးထိသည့်
အပေါ်၌၎င်း၊ ခန္ဓာကိုယ်တွင်း၌ ဖြစ်ပေါ်တတ်
သော ဝေဒနာ ဓာတ်ကြီးလေးပါးအပေါ်၌၎င်း
#ဖြစ်ပျက်အဆုံးလေးကို ရောက်သည်အထိ
အသိကပ်၍ သတိပြုနေတတ်ရာ စိတ်ကလေးသည် ခန္ဓာကိုယ်တွင်းဝယ် အလိုလျောက် စိတ်တည်ငြိမ်လျှက် လောကုတ္တရာ #သမာဓိ ဖြစ်သည်ဟု ဆိုလိုပါသည်။

   ထိုအရာသည် သမ္မာသတိကြောင့် သမ္မာ
သမာဓိဖြစ်ခြင်းဟူ၍ မှတ်ပါလေ...

 ★★★★★★★★★★★★
  ထိုမျှမက​သေး ခန္ဓာတွင်း၌ ဓာတ်ကြီးလေးပါး၏ ဖြစ်ပျက် ဖောက်ပြန်နေ
သည့်အပေါ်တွင်လည်း #အနိစ္စ ဒုက္ခ အနတ္တ
စသည့် လက္ခဏာရေးသုံးပါးဖြင့် ပွားများနေ
တတ်သော ဝိပဿ      နာဉာဏ် ရပြီးဖြစ်ရကား
လောဘ..ဒေါသ..မောဟ..မာန အပေါင်းတို့
သည် ယခင်နှင့်မတူ ဆင်ခြင်စဉ်းစား ထိန်းသိမ်းနှိုင်ခြင်းအားဖြင့် ခေါင်းပါးလာလျက် ဖြစ်ပျက်ဖောက်ပြန်သည့်
ဝေဒနာ ခံစားရသည့်အားလျော်စွာ ပရမတ်
ရုပ် ဝေဒနာ၏ သဘာဝလက္ခဏာကို ရှုမှတ်
ဆင်ခြင်ပွားများနှိုင်သော (လောကုတ္တရာ)
ပညာနှင့် ပြည့်စုံလာပါတော့သည်။

   သီလ..သမာဓိ...ပညာ ပြည့်စုံလာပြီး...
အကုသိုလ်စိတ်မှာလည်း..တနေ့တခြား
နည်းပါးလာကြောင်း စီစစ်မိလာပါတော့သည်။ ကာယကံ..ဝစီကံ..
မနေကံ..စသည့် ဒုစရိုက်ဆယ်ပါးသည်ပင်
#မရှိသကဲ့သို့ ဖြစ်လာပြီး အပါယ်လေးပါး
သွားစေတတ်သော စိတ်သည် မရှိ။
ခန္ဓာကိုယ်အတွင်း၌သာ ဝိပဿ      နာ ရှုမှတ်
ဆက်ခြင်နေကြောင်း သတိပြုမိလာပါတော့
သည်။

   #ဖြစ်ခြင်းအစ..ပျက်ခြင်းအဆုံး..သိရှိထား
သည့်အတိုင်း သောတာပန်တို့၏ စိတ်သည်
ခန္ဓာကိုယ်တွင်း ဖြစ်ပျက်ဖောက်ပြန်တတ်သော ဓာတ်ကြီးလေးပါးဟူသော ပရမတ်ရုပ်ဝေဒနာ..ဒုက္ခဝေဒနာပေါ်တိုင်းတွင်..အစ..အလယ်..အဆုံး အသိကပ်၍ နေတတ်ခြင်းကြောင့် နာမ်သည် ခန္ဓာတွင်း၌
သာ ကိန်းအောင်းနေတတ်သည်ဟူ၍ ဆိုလို
ပါသည်။

   ခဏဖြစ်.. ခဏပျက်တတ်သည့် ရုပ်၏
ဒုက္ခဝေဒနာ.. သဘာဝလက္ခဏာ ပေါ်လွင်
လာသည့်အပြင် တရားအားထုတ်တိုင်းတွင်
လည်း ရုပ်နာမ်ဝေဒနာတို့သည် တခြားစီ
ကွဲပြားနေရကား ကြာရှည်စွာ တရားထိုင်နှိုင်
စွမ်း ရှိလာပါတော့သည်။

သောတာပန်⏩သကဒါဂါမ်
 
  ယောဂီတို့၏ စိတ်အစဉ်လေးသည် #ကာယသတိပဋ္ဌာန် တည်းဟူသော
ဝင်လေ..ထွက်လေ တိုးထိခြင်းအပေါ်
သတိပြုလိုက်သည်နှင့် တပြိုင်နက် ဒုက္ခဝေဒနာ ဓာတ်ကြီးလေးပါး၏ ဖြစ်ပျက်
အစ..အလယ်..အဆုံး တို့ကို သိရှိပြီးဖြစ်ရာ
ထွက်လေ..ဝင်လေ ဟူ၍ သတ်မှတ်ခြင်းမရှိ
#ထိသိပျက် ဖြစ်ပျက်...ဖြစ်ပျက်..စသည်ဖြင့်
တလောကလုံး သမာဓိအာရုံ ဝိပဿ      နာဉာဏ်ဖြင့် လက္ခဏာသုံးပါး အကြုံးဝင်လျှက် ရှုမှတ်ဆင်ခြင်လာတတ်သည့်အတွက်
ကာယသတိပဋ္ဌာန် မှ #ကာယနုပဿ      နာ
သတိပဋ္ဌာန် ပွားများလာတတ်ပါတော့သည်။

   ထို့အပြင်..ခန္ဓာကိုယ်တွင်း ဝေဒနာပေါ်သည့်အခါ၌လည်း လက္ခဏာသုံး
ပါး ပွားများလျှက် ဝိပဿ      နာညဏ်ဖြင့် ရှုမှတ်
ဆင်ခြင်သုံးသပ်ရင်းမှ ဓာတ်ကြီးလေးပါး တွင် ရှုမှတ်နေသည့် နာမ်လေးသည် ခွာလျှက်(ဥပေက္ခာ )ချလျှက် နှာသီးဖျားသို့သာ ပြောင်းလွဲပြီး အသိကပ်နှိုင်
ကြောင်းကိုလည်း ထင်ရှားစွာ တွေ့မြင်လာပါ
လိမ့်မည်။

     ထိုအရာသည်..ခန္ဓာကိုယ်ပညတ်ရုပ် အတွင်းမှ ဖောက်ပြန် ဖြစ်ပျက်သည့် ပရမတ်
ဓာတ်လေးပါးရုပ်ဝေဒနာအပေါ် စွဲကပ်နေသော #ငါစွဲ အတ္တဒိဋ္ဌိ သက္ကာယအစွဲသည် ပြုတ်ခဲ့ပြီး ဝိဇ္ဇာဉာဏ်
အနတ္တဆိုက်သည့် သဘာဝကြောင့်ပင် ဖြစ်ပါသည်။

❦ သောတာပန်တို့၏ သစ္စာလေးပါး မြင်ပုံ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
  ပညတ်.ပရမတ်စသည့် ရုပ်သတ်သတ်..

နာမ်သတ်သတ်..ဝေဒနာ သတ်သတ်စီ ကွဲ

ပြားခြားနားစွာ တွေ့မြင်နေချိန်တွင်..နာမ်..

သည် ဝေဒနာ ပေါ်ညွှတ်လိုက်.ရုပ်ညွှတ်

လိုက်.နှာသီးဖျား ညွှတ်လိုက်.သမာဓိ အား

ကောင်းသည့်အခါတွင် ဓမ္မ စက္ခုံပွင့်နေစဉ်

အတွင်း ထင်လင်းစွာတွေ့မြင်နေသည်ကို

မှတ်မိကြပေလိမ့်မည်။..နာမ်..ဟူသည်ကား

ပညတ်ရုပ်သော်၎င်း၊ ပရမတ်ရုပ်သော်၎င်း

ညွှတ်မြဲဓမ္မတာတည်း။(တည်ရာ.မှီရာ)ရှိမှ

နေသည်ဟုဆိုလိုပါသည်။

  ရုပ်ဖောက်ပြန်မှု.ဓာတ်ကြီးလေးပါးအပေါ်

သို့ ညွှတ်တိုင်း ခံစားရသည့်.ဒုက္ခ သည်သာ

လျှင် ပေါ်လာပါသည်။နာမ်သည် မညွှတ်ပဲ

မနေနှိုင်သည့် အားလျော်စွာ အထက်ပါ ရုပ်

၏ဒုက္ခဝေဒနာကိုသာလျှင် နာမ်ကခံစားနေ

လေသည်။မခံမရပ်နှိုင်သည့်အခါ နှာသီးဝသို့

ညွှတ်သွားရာမှ (ဓာတ်လေးပါး) ဖြစ်ပျက်သို့

သာ ပြန်လည်၍ ညွှတ်သွားခြင်းအားဖြင့် ပင်

ပန်းဆင်းရဲလှသည့် ဒုက္ခကို တစ်ကြိမ်ထက်

တစ်ကြိမ် ပိုမိုထင်ရှားလာစေရန် လေ့လာ

စူးစမ်းလျက် ရှိနေသကဲ့သို့ပင်ဖြစ်ပါသည်။

ဤကဲ့သို့ နာမ်သည် ဝေဒနာ ကို အကြိမ်

ုကြိမ်အဖန်ဖန် ခံစားခြင်းအားဖြင့် ရုပ်ဝေဒနာ

ပြင်းထန်လိုက်တာသည်နှင့်အမျှ ရုပ်ဝေဒနာ

၏ဒုက္ခ #ဒုက္ခ သစ္စာ #ကို ပေါ်လွင်အောင်

ဆင်ခြင် သုံးသပ် လေ့လာနေခြင်းဖြစ်လေသည်။

    ဤကဲ့သို့ မခံမရပ်နှိုင်အောင် ဖောက်ပြန်

သည့်ဝေဒနာကြောင့် နာမ်သည် လွတ်ရာ၊

အေးချမ်းရာ၊ သက်သာရာ သက်သာကြောင်း
အတွက် ပညတ်ရုပ်သို့ ညွှတ်ရှာသည်၊နှာသီး

ဝ သို့လည်းပြောင်းလဲ၍ ညွှတ်ရရှာပြန်သည်၊

သို့သော် တည်ငြိမ်ခြင်းမရှိ။ဝေဒနာသို့ ပြန်

လည်၍ ညွှတ်သွားပြန်သည်။ ညွှတ်တိုင်း

ညွှတ်တိုင်း တို့တွင်လဲ နာမ် သည်ဝေဒနာ

ခံစားရလျှက် ဒုက္ခကိုသာ ကြုံ နေရပါသော်

လည်း အခြားတွင် အမှီသဟဲပြု၍ မနေနှိုင်ပဲ

ဒုက္ခဝေဒနာ တို့သာ ပြန်လည် ညွှတ်မြဲညွှတ်

ပြီး မခံမရက်နှိုင် ဖြစ်ကာ နာမ်သည် တုန်လှုပ်
ကြောက်ရွံ့လာသည့်အပြင် ၎င်းဝေဒနာမှ

လွတ်မြောက်အောင် ရုန်းကန်မထွက်နှိုင်မီ

အတွင်း အလူးအလဲ မချိမဆန့် ခံခဲ့ရကြ

သည့် အကြောင်းတို့ကိုလဲ ယောဂီတို့ သတိ

ပြုမိပါလိမ့်မည်၊..ဒုက္ခဝေဒနာ မှန်းသိလျက်

ပြန်လည်ညွှတ်တိုင်းတို့တွင် နာလိုက်.ကိုက်

လိုက်.ပူလိုက်.ကျင်လိုက်.တရွရွ လှုပ်ရှားလိုက်
ယိုစီးလိုက်.ကြပ်လိုက်..စသည့်ဖြင့် ဓာတ်ကြီ

လေးပါး ပရမတ္တ သဘာဝ ရုပ်၏ ဖောက်ပြန်

ခြင်းကြောင့် ရုပ်ဝေဒနာ ဒုက္ခကိုသာ ခံစား

နေရသည်မှာ ဘ၀သံသရာ အဆက်ဆက်

က စွဲကပ် လာခဲ့သည့် { အတ္တဒိဋ္ဌိသက္ကာယ}

တည်းဟူသော တငါ ငါဖြင့် စွဲကပ်လာခဲ့.

.နာမ်.အကြောင်း၊ #သမုဒယကြောင့်ပင် ဖြစ်

ပါတော့သည်။ဤသည်ကား.သမုဒယသစ္စာ

ကို ဆင်ခြင်လာခြင်းပင် ဖြစ်ပေသည်။

မှတ်ချက်။     ။တနည်းဆိုသော် နာမ်၏တွယ်
တာကပ်ငြိလာခြင်း၊ နာမ် အကြောင်း သမုဒယကြောင့် ရုပ်ဝေဒနာ ဒုက္ခ ခံစားခြင်း
အကျိုးတရားတည်းဟူသော အကြောင်းတရား တို့ပါ ပေါ်လွင်ထင်ရှားလာပါသေးသည်။..ဟုဆိုလိုပါသည်။

   ထိုမျှမကသေး...နာမ် သည် ပညတ်ရုပ်
(အနတ္တ) တုံး သို့မဟုတ် ပရမတ်ရုပ် ဝေဒနာ
ဓာတ်လေးပါး တို့အပေါ် ပြောင်းလဲ၍ ညွှတ်နေစဉ်အတွင်း ဝေဒနာ ပရမတ်အပေါ်မူတည်လျက် တလစပ် ဖြစ်ခြင်းပျက်ခြင်း
မှ ခဏဖြစ်ခဏပျက် သဘာဝ ဖောက်ပြန်မှု
အပေါ် မှ ရေအယဉ် တသွင်သွင် စီးနေဘိ
သကဲ့သို့  ပျက်စီးခြင်း ရုပ်၏ လက္ခဏာ၊နာမ်၏လက္ခဏာတို့ပါ ထင်မြင်လာပြန်သည်။

   ရုပ်နာမ် ကွဲပြားခြားနားစွာ တွေ့မြင်နေခြင်း
ကြောင့် ပညတ်.ပရမတ်ကွဲပြားခြားနားစွာပေါ်လွင်နေရာမှ ရုပ်၏ ဖောက်ပြန်ဖြစ် ပျက်
သည့် သဘာဝ ရုပ်ဝေဒနာ အကြောင်းကြောင့် ဒုက္ခ သည်လည်း ပေါ်လွင်လာပြန်သေးသာ်။ထိုရုပ်ဝေဒနာ ခံစားရဖန်များသဖြင့် လွတ်မြောက်၍ ချမ်းသာရာ ရလို
သည့်စိတ် မလွတ်မြောက်နှိုင်မီအတွင်း ပညတ်ရုပ်..ပရမတ်ရုပ် သို့ နာမ်သည်ပြောင်း
လည်းညွှတ်ပြန်ပါလည်း အားကိုးဆောက်တည်ရာ မရသည့်အတွက် ဒေါသ မဖြစ်စေရန် စိတ်ဇော တင်းမာခြင်း စသည်တို့မှကင်းဝေးရန် ဖြစ်ပျက် မမြဲ ပင်ပန်းဆင်း
ရဲ ဖောက်ပြန်သည့် သူ့သဘော သူဆောင်နေသည့် သဘာဝလက္ခဏာ တို့ဖြင့် ဆင်ခြင်၍  စိတ်ကို ဖြေဖျောက်ရှာရပြန်ပါသည်။

မောင်သာဓု.မစ္ဈိမလမ်း.ဓမ္မအလင်း.ဝရဇိန်
မစ္ဇျိမလမ်း  ဝိမုတ္တိ

အရင်​နှစ်​က
မျှ​ဝေခဲ့တဲ့...တရား​တော်​​တွေကို
ပြန်​လည်​ မျှ​ဝေပါမည်​။

AZMM

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...