မြကျောက်ဆရာတော်ကြီးအားဖူးမျှော်၍
တပည့်ဒကာများအား ဟောကြားတော်မူသည့်
တရားတော်
❖ မဟာဗောဓိမြိုင်ဆရာတော်
“ဘုရားတပည့်တော်များ
"သတိ"တစ်လုံးပဲ ရှိပါသေးတယ် ဘုရား ။
အဲဒီ"သတိ"လေး တစ်လုံးနဲ့ပဲ
စားရာလည်း သူနဲ့ပဲ၊
သွားရာလည်း သူနဲ့ပဲ၊
နေတော့လည်း သူနဲ့ပဲနေရပါတယ်ဘုရား။
ကျန်တာတွေ လျှောက် ထားစရာ မရှိပါဘုရား”
❀ မြကျောက် ဆရာတော်ဘုရားကြီး
”ဆရာတော်ကြီးရဲ့  မေတ္တာစကားများကို
တပည့်ဒကာအပေါင်းတို့အား
ထိုက်သင့်သလောက်
ပေးသနားချီးမြှင့် တော်မူပါဘုရား”
❖ မဟာဗောဓိမြိုင်ဆရာတော်
"မေတ္တာဆိုတာ
တန်းတူထားတာကိုပြောတာကိုး ဘုရား ။
ဆရာတော့်တပည့်တွေက
ဘုရားတပည့်တော် တန်းတူထားသလို
တန်းတူလိုက်မှာလား ဘုရား။"
❀ မြကျောက်ဆရာတော်
"လိုက်နာနိုင်အောင်ကြိုးစားမှာပါဘုရား။"
❖ မဟာဗောဓိမြိုင်ဆရာတော်
"မေတ္တာဆိုတာ ပါဠိစကားကိုး။
မြန်မာလိုတော့ တန်းတူထားတာ။
မိမိချမ်းသာသလို
အခုလာတဲ့ ပရိတ်သတ်လည်းချမ်းသာအောင်
အဲဒါတန်းတူ ထင်တယ်နော်။
ချမ်းသာအောင် နေတတ်ဖို့ကျတော့
ဆရာတော် သိပြီးသားပဲ။
#သုခိအတ္တာနံ ပရိဟရန္တု ..ဆိုတာ
ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင် နေတတ်မှ
ရတာဘုရား။
ကြည့်နေရတာပဲ။
တို့ပေးလို့ ရမှာလား??
ကိုယ့်ဟာကိုယ် နေတတ်ရမှာလား??...."
■ ပရိတ်သတ်
"ကိုယ့်ဟာကိုယ်နေတတ်ရမှာပါဘုရား ။"
❖ မဟာဗောဓိမြိုင်ဆရာတော်။
"မနေတတ်ရင် ပစ္စည်းရှိလေ ဆင်းရဲလေပဲ။
ရာထူးကြီးလေ ဆင်းရဲလေပဲ။
ပစ္စည်းရှိရှိ ..မရှိရှိ /
ရာထူးရှိရှိ ..မရှိရှိ /
နေတတ်မှချမ်းသာတာ။
ပြောစရာ အများကြီးထဲက
တစ်ခုပဲပြောရရင်
“မတွေးနဲ့” လို့သည်တစ်ခုပဲ ပြောချင်ပါတယ်။
ဆင်းရဲတာ အဲဒီ့အတွေးကနှောင့်ယှက်နေလို့
ဆင်းရဲတာ။
ဒုက္ခ တစ်ကျပ်သားမှာ
ပက်ပင်းကြုံဒုက္ခက
တစ်မတ်သားထက်မပိုပါဘုရား။
အတွေးကြောင့်ဖြစ်တဲ့ ဒုက္ခက
သုံးမတ်သားလောက်ရှိပါတယ်။
ဟိုပက်ပင်းကြုံ ဒုက္ခတစ် မတ်သားကတော့
ဘုရား-ရဟန္တာတွေလည်း မလွတ်ပါဘူး ။
အဲဒီ့တစ်မတ်သားက လောကဓံကိုး။
#တရားအားထုတ်တယ်ဆိုတာ
မတွေးဖြစ်အောင် တရစပ်မှတ်ခိုင်းတာပါ။
အတွေးကို အမှတ်နဲ့လဲ ယူရတာပါပဲ။
တရားက ခန္ဓာထဲ ရှိပြီးသားပါ။
ကိုယ့်အိတ်ထဲက ပိုက်ဆံ
ထုတ်ရေကြည့်သလိုပါပဲ ။
#တရားရှာတယ်ဆိုတာ
ကျွဲပျောက် နွားပျောက် ရှာ တာမျိုး မဟုတ်ပါဘူး ။
တွေးတယ်ဆိုတာ သူများကြောင့်တွေးတာ။
တွေးတော့ဘာဖြစ်သတုန်း ။
ကိုယ့်စိတ်ကို သူများက ပိုင်သွားတာပေါ့ ။
ကိုယ့် စိတ်က ကိုယ့်ထဲမှာ မရှိတော့ဘူး ။
ဟုတ်ပါသလား ဆရာတော်……"
❀ မြကျောက်ဆရာတော်။
" ဟုတ်ပါတယ်ဘုရား။"
❖ မဟာဗောဓိမြိုင်ဆရာတော်။
"ဥပမာ- ကြက်တွေးမိရင်
် ကြက်ဆီ စိတ်ပို့ထားရတာ ။
ကိုယ်တိုင်ကြက်ဖြစ်သွားရပြီလေ။
ဝက်တွေး ၀က်စိတ်ပေါက်
ကိုယ်တိုင် ၀က်ဖြစ်သွားပြီလေ။
တရားမှတ်တယ်ဆိုတာ
သူများဆီထားတဲ့ စိတ်ကလေး
ကိုယ့်ဆီ ပြန်ခေါ်တာ ။
မတွေးရင် ချမ်းသာပေါ့ဗျာ ။
မရှိလည်း ချမ်းသာ။
ရှိလည်းချမ်းသာ။
အဲဒါကိုယ်နဲ့ တူအောင်
တန်းတူဖြစ်စေချင်တဲ့ တန်းတူထားတဲ့
တို့ရဲ့ မေတ္တာပဲ......................................။"
~~~~~~~~~~±±±±±~~~~±±±±±~~~~
တပည့်ဒကာများအား ဟောကြားတော်မူသည့်
တရားတော်
❖ မဟာဗောဓိမြိုင်ဆရာတော်
“ဘုရားတပည့်တော်များ
"သတိ"တစ်လုံးပဲ ရှိပါသေးတယ် ဘုရား ။
အဲဒီ"သတိ"လေး တစ်လုံးနဲ့ပဲ
စားရာလည်း သူနဲ့ပဲ၊
သွားရာလည်း သူနဲ့ပဲ၊
နေတော့လည်း သူနဲ့ပဲနေရပါတယ်ဘုရား။
ကျန်တာတွေ လျှောက် ထားစရာ မရှိပါဘုရား”
❀ မြကျောက် ဆရာတော်ဘုရားကြီး
”ဆရာတော်ကြီးရဲ့  မေတ္တာစကားများကို
တပည့်ဒကာအပေါင်းတို့အား
ထိုက်သင့်သလောက်
ပေးသနားချီးမြှင့် တော်မူပါဘုရား”
❖ မဟာဗောဓိမြိုင်ဆရာတော်
"မေတ္တာဆိုတာ
တန်းတူထားတာကိုပြောတာကိုး ဘုရား ။
ဆရာတော့်တပည့်တွေက
ဘုရားတပည့်တော် တန်းတူထားသလို
တန်းတူလိုက်မှာလား ဘုရား။"
❀ မြကျောက်ဆရာတော်
"လိုက်နာနိုင်အောင်ကြိုးစားမှာပါဘုရား။"
❖ မဟာဗောဓိမြိုင်ဆရာတော်
"မေတ္တာဆိုတာ ပါဠိစကားကိုး။
မြန်မာလိုတော့ တန်းတူထားတာ။
မိမိချမ်းသာသလို
အခုလာတဲ့ ပရိတ်သတ်လည်းချမ်းသာအောင်
အဲဒါတန်းတူ ထင်တယ်နော်။
ချမ်းသာအောင် နေတတ်ဖို့ကျတော့
ဆရာတော် သိပြီးသားပဲ။
#သုခိအတ္တာနံ ပရိဟရန္တု ..ဆိုတာ
ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင် နေတတ်မှ
ရတာဘုရား။
ကြည့်နေရတာပဲ။
တို့ပေးလို့ ရမှာလား??
ကိုယ့်ဟာကိုယ် နေတတ်ရမှာလား??...."
■ ပရိတ်သတ်
"ကိုယ့်ဟာကိုယ်နေတတ်ရမှာပါဘုရား ။"
❖ မဟာဗောဓိမြိုင်ဆရာတော်။
"မနေတတ်ရင် ပစ္စည်းရှိလေ ဆင်းရဲလေပဲ။
ရာထူးကြီးလေ ဆင်းရဲလေပဲ။
ပစ္စည်းရှိရှိ ..မရှိရှိ /
ရာထူးရှိရှိ ..မရှိရှိ /
နေတတ်မှချမ်းသာတာ။
ပြောစရာ အများကြီးထဲက
တစ်ခုပဲပြောရရင်
“မတွေးနဲ့” လို့သည်တစ်ခုပဲ ပြောချင်ပါတယ်။
ဆင်းရဲတာ အဲဒီ့အတွေးကနှောင့်ယှက်နေလို့
ဆင်းရဲတာ။
ဒုက္ခ တစ်ကျပ်သားမှာ
ပက်ပင်းကြုံဒုက္ခက
တစ်မတ်သားထက်မပိုပါဘုရား။
အတွေးကြောင့်ဖြစ်တဲ့ ဒုက္ခက
သုံးမတ်သားလောက်ရှိပါတယ်။
ဟိုပက်ပင်းကြုံ ဒုက္ခတစ် မတ်သားကတော့
ဘုရား-ရဟန္တာတွေလည်း မလွတ်ပါဘူး ။
အဲဒီ့တစ်မတ်သားက လောကဓံကိုး။
#တရားအားထုတ်တယ်ဆိုတာ
မတွေးဖြစ်အောင် တရစပ်မှတ်ခိုင်းတာပါ။
အတွေးကို အမှတ်နဲ့လဲ ယူရတာပါပဲ။
တရားက ခန္ဓာထဲ ရှိပြီးသားပါ။
ကိုယ့်အိတ်ထဲက ပိုက်ဆံ
ထုတ်ရေကြည့်သလိုပါပဲ ။
#တရားရှာတယ်ဆိုတာ
ကျွဲပျောက် နွားပျောက် ရှာ တာမျိုး မဟုတ်ပါဘူး ။
တွေးတယ်ဆိုတာ သူများကြောင့်တွေးတာ။
တွေးတော့ဘာဖြစ်သတုန်း ။
ကိုယ့်စိတ်ကို သူများက ပိုင်သွားတာပေါ့ ။
ကိုယ့် စိတ်က ကိုယ့်ထဲမှာ မရှိတော့ဘူး ။
ဟုတ်ပါသလား ဆရာတော်……"
❀ မြကျောက်ဆရာတော်။
" ဟုတ်ပါတယ်ဘုရား။"
❖ မဟာဗောဓိမြိုင်ဆရာတော်။
"ဥပမာ- ကြက်တွေးမိရင်
် ကြက်ဆီ စိတ်ပို့ထားရတာ ။
ကိုယ်တိုင်ကြက်ဖြစ်သွားရပြီလေ။
ဝက်တွေး ၀က်စိတ်ပေါက်
ကိုယ်တိုင် ၀က်ဖြစ်သွားပြီလေ။
တရားမှတ်တယ်ဆိုတာ
သူများဆီထားတဲ့ စိတ်ကလေး
ကိုယ့်ဆီ ပြန်ခေါ်တာ ။
မတွေးရင် ချမ်းသာပေါ့ဗျာ ။
မရှိလည်း ချမ်းသာ။
ရှိလည်းချမ်းသာ။
အဲဒါကိုယ်နဲ့ တူအောင်
တန်းတူဖြစ်စေချင်တဲ့ တန်းတူထားတဲ့
တို့ရဲ့ မေတ္တာပဲ......................................။"
~~~~~~~~~~±±±±±~~~~±±±±±~~~~

