သိပ်

သိပ်

*  ` သိပ် ´ သည် လိုလားသည်ထက်  ပိုဝင်သည်ကို သုံး၏ သိပ်ကောင်းတာပဲ စသည်
*  ` သိပ် ´ သည်လိုသည်ထက် ပိုလိုရာတိုင်းတို့၌ပင် သိပ်ထည့်ခြင်း ချွေးသိပ်ခြင်း ချော့သိပါခြင်း စသည်ဖြင့် သုံးရိုးပြုကြ၏

ထိုတွင် သိပ်ထည့်ခြင်း နှိပ်ထည့်ခြင်းများသည် တစ်ခုမျှဆန့်သောနေရာ၌ နှစ်ခု သုံးခုမျှအထိဆန့်ဝင်ရန် သုံးရိုးပြုကြ၏

ချွေးသိပ်ခြင်းသည်လည်း မိမိအလိုရှိသောအရာ ထိုသူ့၌ ရှိနေချေရာ ရခွင့်ရှိ အခွင့်အရေးနည်းပါးမှ အများအစားရရန် အမြင်မှားရာမှ ကျသောချွေး မကျေချမ်းရာမှ ကျသောချွေး စိတ်ထန်သည်းရာမှ ကျသောချွေး စိတ်လေအေးအေးပေး၍ ချွေးသိပ်ခြင်းတည်း

ချော့သိပ်ခြင်းသည်လည်း ချွေးသိပ်နှင့်အတူတူပင်ဖြစ်၏ ထူးသည်မှာ ချော့ရာနောက် မျော အိပ်မောကျသွားလေသောအခါ  ကြုံလိုရာကြုံ  အဟန်ချည်းဖြစ်ရေးသို့ ရှေးရှုထားခြင်းဖြစ်ရာ ချော့သိပ်သည် အားလုံးထက် အားလုံးထက် အထိနာစေသော လက်နက်ကောင်း

*  အလိုမကျ  အားမရ၍ ထကြွနေလေသူ ချော့သိပ်ဖြင့် အရေးယူခံရမည်
*  ကျွန်ဘဝတို့မှ လွတ်မြောက်ရန် ထကြွနေလေသူ ချော့သိပ်ဖြင့် အရေးယူခံရမည်

ထိုစဉ် ကျွန် အားလုံးတို့တွင် တဏှာကျွန်သည် အစွာဆုံး အနာဆုံးဖြစ်ရာ တဏှာကျွန်ဘဝမှ လွတ်ခွင့်ရရန်

*  တဏှာအကူပစ် လူသူများကိုလည်း ဖြတ်ထွက် ထွက်ရ၏
*  တဏှာအကူပစ် အသုံးအဆောင် ပစ္စည်းများကိုလည်း ဖျင်ထွက် ထွက်ရ၏
*  တဏှာအကူပစ် မိမိလိုအပ်ရာရာကိုလျှင် ဖြုတ်ထွက် ထွက်ရ၏
ထိုစဉ်လျက် မိမိရှိ တဏှာပါသော ဉာဉ်က လူမြင်လှင် ကလူချင်  မြှူ ချင် လုပ်နေခြင်းဖြင့် ` ဇ ´ ပြလေ့ရှိရာ

လူဆိုသည်က တဏှာကြီးဆိုးချက်ဆို မီးထတောက်သည့်အမျိုး  ` အင်း ´ သည် `  ဇ´ ကြောင့်ပင်  တောဝင်ဘဝဖြင့် တောအဆင် ဆင်က ကနေသော်လည်း အရေးသိပ်မလှခဲ့

အရေးလှပုံကား
*  တနေရာရောက် လာဘ်  လူအကူတို့ဖြင့် ချော့သိပ်သိပ် အိပ်လျက်ကချည်း
*  တစ်နေရာရောက် နောက်လိုက်တို့ အောက်နှိုက်နှိုက်ကာ ချော့သိပ်သိပ် အိပ်ပေးရသည်ချည်း

**  သစ်ရိပ် တောရိပ် တစ်အိပ်ထဲအိပ် ဘယ်တော့များ နိုးစိတ်ဝင်မည်နည်း  ။

၁၃၆၄ခုနှစ် တန်ဆောင်မုန်းလဆန်း  ၁၄  ရက်
စံရိပ်ငြိမ် ကျော်တော
‌              မဟာဗောဓိမြိုင်ဆရာတော်

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...