အဖိုးမဖြတ်နိုင်သောသတိ (၂)
############
############
လူ့ဘဝဆိုတာ (များသောအားဖြင့်) တစ်ယောက်တည်း မွေးဖွားလာခဲ့ရတာ ဖြစ်တယ်..
သို့ပေမယ့်လည်း လူ့ပတ်ဝန်းကျင် လူ့အသိုင်းဝိုင်းတွေ အကြားမှာ ကျင်လည်ရလိမ့်ဦးမယ်..
ဒာ့ကြောင့်..
သူငယ်ချင်း အပောင်းသင်းတွေ ရှာခဲ့ရတာ ဖြစ်တယ်...
သူငယ်ချင်း အပေါင်းသင်းတွေ ရှာနေရတာ ဖြစ်တယ်...
ဒီမှာလည်း သင့်ရဲ့စွဲစိတ်ကြောင့် အကောင်းထင် ငယ်သူငယ်ချင်းတွေ ရှာခဲ့ရတယ်..
သင့်ရဲ့စွဲစိတ်ကြောင့်ပဲ အကောင်းမြင် မထင်နိုင်တဲ့သူ သူ့လိုရာကိုသာ မျဉ်းသားတတ်တဲ့ သူငယ်ချင်းများလည်း တွေ့ခဲ့ရဦးမယ်..
ဘယ်သူငယ်ချင်း မည်မျှပင်ကောင်းကောင်း အစွဲဖြစ်သူ သူငယ်ချင်းမို့ တနေ့တော့ လွဲကြရဦးမယ်..
ဘယ်သူငယ်ချင်း မည်မျှပင်ဆိုးဆိုး လူအမျိုးထဲကသူလည်း အစွဲဖြစ်ပဲမို့ တနေ့တော့ ခွဲကြရဦးမယ်..
သူငယ်ချင်း ဖြစ်လာတဲ့အခါ..
သူငယ်ချင်းအဖြစ်မှ ခန်းစည်းမျဉ်းလိုက်ကာ ချမထားမီ..
သင်လည်း သင့်သဘာဝ သင့်အလှပညာဖြင့် သင့်ဘဝကို ပုံဖော်..
သူလည်း သူ့သဘာဝ သူ့အလှပညာဖြင့် သူ့ဘဝကို ပုံသွင်း..
သင်နဲ့သူ့ အကြားက ဒီအခင်းနှစ်စင်းကိုတော့ သင် မမေ့လိုက်ပါနဲ့..
မေ့တယ်ဆိုတာ သတိကင်းတဲ့အလုပ် ဒီအလုပ်ကို သင်သာ လုပ်နေခဲ့လျှင်..
ဒါမှမဟုတ် သူသာ လုပ်နေခဲ့လျှင်..
သင့်ဘက်ရော သူ့ဘက်မှာပါ
အရာရာ ဆင်းရဲနွမ်းပါးတဲ့အဖြစ်..
အရာရာ သင်းကွဲလမ်းများရဲ့အဖြစ်..
အရာရာ မျဉ်းဆွဲတန်းများရဲ့အဖြစ်..
တစတစ သင် ရောက်သွားလိမ့်မယ်ဆိုတာ သတိရလိုက်ပါဦး...။