အဖိုးမဖြတ်နိုင်သောသတိ (၁)
############
############
လူ့ဘဝဆိုတာ အစွဲနဲ့ စခဲ့ရတယ်ဆိုတာ သင် သတိရသင့်တယ်..
အဲဒီအစွဲကပဲ သင့်ရဲ့စိတ်ကို ခြယ်လှယ်နေတယ်ဆိုတာလည်း သတိရသင့်တယ်..
အစွဲကြောင့် ပညာတွေ သင်ခဲ့ရတယ်..
အစွဲကြောင့် နေရာတွေ ပြင်ခဲ့ရတယ်..
အစွဲကြောင့် ခြေရာတွေလည်း နှင်ခဲ့ရသေးတယ်..
အစွဲနှင့်စတဲ့ ဘဝမှာ..
တစ်ခါတစ်ခါ ပျော်ရွှင်စရာတွေ တွေ့ရလိမ့်မယ်...
တခါတခါ မကြေငြာတဲ့ ဝေဒနာတွေလည်း ရောက်လာလိမ့်ဦးမယ်...
ပျော်ရွှင်မှုတွေ သင့်ဆီကို ရောက်လာတဲ့အခါ..
ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့ပဲ ကြုံတွေ့ရ ကြုံတွေ့ရ သင် သတိမေ့နေသမျှတော့ အမှားတွေပဲ ဖြစ်နေမှာပါပဲ။
အဲဒီလိုပဲ ဝေဒနာတွေ ရောက်လာတဲ့အခါမှာလည်း..
ဝေဒနာက မဖြေသာတဲ့ ဝေဒနာပင် ဖြစ်နေပါစေ..
နဂိုကတည်းက အလိုလို အရှုံးပေးချင်နေတဲ့စိတ်ကို မသိကျေးကျွန် ပြုပေးမယ့် ဥပေက္ခာရဲ့ ရှေ့တန်းမှာ ထားပြီး မဖြေရာကိုသာ ပို့ပို့သွားတတ်တဲ့ ဒီဝေဒနာ အရင့်သားတွေကို တဒင်္ဂတခဏ ပယ်တားပေးမယ့် သတိဆိုတဲ့အရာကို အမှတ်ထားလိုက်ပါဦး...။