တရားကျင့်ရာတွင် ပေါ်လာတတ်သော အထုံ(ပါရမီ)များ
✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳

တရားကျင့်ရာတွင် တရားကျင့်သောယောဂီ၌
အားကြီးသော အကုသိုလ်ဝိပါက်များပါလာလျှင်လည်းကောင်း၊
စုန်းပညာ အင်းပညာစသော
အင်းဆေးစောင့်များပါလာလျှင်လည်းကောင်း၊
ကြီးမားသော ရောဂါအခံ ပါလာလျှင်လည်းကောင်း
အခြေခံကျင့်စဉ်များ၌ လက္ခဏာများပေါ်တတ်သည်။

အကုသိုလ်အကြိမ်ကြိမ် ပြုမှုကြောင့် ဖြစ်သောအစွဲများ
နီးစပ်သော ဘဝစွဲများလည်း ပြန်ပေါ်တတ်သည်။
အင်္ဂုလိမာလမထေရ် နှင့် မိလက္ခမထေရ်တို့၏
အတွေ့အကြုံများကို ထောက်ရှုကြည့်နိုင်သည်
တရားကျင့်စဉ်ကြောင့် မဟုတ်ပါ။

အသျှင်အင်္ဂုလိမာလ နံနက်အချိန်၌
သင်္ကန်းကိုပြင်ဝတ်၍  သပိတ်သင်္ကန်းကိုယူပြီးလျှင်
သာဝတ္တိပြည်သို့ ဆွမ်းအလို့ငှါဝင်တော်မူ၏။
ထိုအခါ တပါးသောအရပ်သို့ပစ်သောခဲ
အသျှင်အင်္ဂုလိမာလ၏ကိုယ်ပေါ်၌ ကျ၏။
တပါးသောအရပ်သို့ပစ်သော တုတ်လှံတံသည်
အသျှင်အင်္ဂုလိမာလ၏ကိုယ်ပေါ်၌ ကျ၏။
တပါးသောအရပ်သို့ပစ်သောကျောက်စရစ်သည်
အသျှင်အင်္ဂုလိမာလ၏ကိုယ်ပေါ်၌ ကျ၏။
ထိုအခါ အသျှင်အင်္ဂုလိမာလသည် ကွဲသောဦးခေါင်း
ယိုစီးသောသွေး ကွဲသောသပိတ်
စုတ်ပြတ်သောဒုကုဋ်ဖြင့် မြတ်စွာဘုရားထံသို့
ချဉ်းကပ်၏။ မြတ်စွာဘုရားသည် အဝေးမှလာသော
အသျှင်အင်္ဂုလိမာလကို မြင်တော်မူ၍
 " မကောင်းမှုကို အပပြုပြီး ရဟန်း သင် သည်းခံလော့၊ 
   မကောင်းမှုကို အပပြုပြီး ရဟန်း သင် သည်းခံလော့၊ 
   မကောင်းမှုကို အပပြုပြီး ရဟန်း သင်သည်
ယင်းအကုသိုလ်ကံ၏ အကျိုးအပြစ်ဖြင့် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာပတ်လုံး ငရဲ၌ ကျက်လေရာ၏၊ မကောင်းမှုကို အပပြုပြီး ရဟန်း သင်သည် ထိုအကုသိုလ်အကျိုးကို ယခုဘဝ၌ပင်ခံစားရလိမ့်၏"  ဟုမိန့်တော်မူ၏
(အဂုင်္လိမာလသုတ်-၃၅၂ နှာ-၃၀၇)

မိလက္ခမထေရ်
 " ကမ္မဋ္ဌာန်းတရား အားထုတ်သောအခါ
   မုဆိုးဘဝက သားသမင်, ဝက်များသတ်ခဲ့ပုံ
   အာရုံနိမိတ်များ ထင်လာသည်
   တကိုယ်လုံး လူးလိမ့် ပူလောင်လျက်ရှိ၏။
( သီဟိုခေတ်စံတော်ဝင်အရိယာများ၊ နှာ-၃၆၆)

တရားဟူသည် နူးညံ့သိမ်မွေ့သဖြင့် နူးညံ့သိမ်မွေ့စွာ
တရားကျင့်ရမည်ဟုဆိုကြသည်။

#တရားစကျင့်သောသူသည် စိတ်ကြမ်း၊ စရိုက်ကြမ်း၊
ဓာတ်ကြမ်း၊ ရုပ်ကြမ်းများ
ရှိနေသောကြောင့် #နူးညံ့မှုမရှိ။

#ကြောင်းကျိုးဆင်ခြင်မှုမရှိပဲ
ငါလုပ်ချင်ရာ အတားအဆီး မရှိပဲ လုပ်လေ့ရှိသည်။

ဓာတ်လေးပါးဖောက်ပြန်လာသောအခါ ထိုစိတ်များ
ဦးဆောင်လာသဖြင့် ခက်ထန်ကြမ်းတမ်းမှုများ
ပေါ်လာသည်။
ထို စိတ်ကြမ်း၊ စရိုက်ကြမ်း၊ ဓာတ်ကြမ်း၊ ရုပ်ကြမ်းများ
ရှိနေလျှင် အဘယ်မှာ နူးညံ့စွာ ကျင့်၍ရမည်နည်း။

အရသာကောင်းသော ဒူးရင်းသီးစားချင်သောသူသည်
ခက်ထန်ကြမ်းတမ်းသော အခွံခွာပြီးမှသာလျှင်
စား၍ရမည် ဖြစ်သည်။
ဤဥပမာအတိုင်း စိတ်ကြမ်း၊ စရိုက်ကြမ်း၊ ဓာတ်ကြမ်း၊
များခွာပြီးမှသာလျှင် နူးညံ့စွာ တရားကျင့်နိုင်ပါမည်။

🔆  ယခုမဟာပလ္လင်ကျင့်စဉ်သည်
       ပုထုဇဉ်မူရင်း အနွယ်ဖြစ်သည့်
       ခက်ထန်ကြမ်းတမ်းသည့်
🔆  ဗီဇကိုဖော်ထုတ်၍ ပယ်နှုတ်နိုင်သဖြင့်
       စိတ်သည် နူးညံ့သိမ်မွေ့သွားသည်။

နောင်ဘယ်သောအခါမျှ ထိုစိတ်ကြမ်းများ
ဖြစ်ပေါ်မလာ၊ မွေးမြူ၍လည်း မရတော့ပါ။

--->  #အကုသိုလ်ဇောအလျင်များ ချုပ်မှုသည်
         အကြမ်းစား၊ အလတ်စား၊ အကြွင်းမဲ့ချုပ်
         ဟူ၍ ကွာခြားသည်။

ဤကဲ့သို့ ကွာခြားရခြင်းမှာ
  ဝေဒနာမှ တဏှာနှင့်ယှဉ်သော စိတ္တသင်္ခါရများကို
    စွန့်လွှတ်ရာတွင်
        သန့်ရှင်းမှုကွာခြားခြင်းကြောင့်ဖြစ်သည်။

    👉                    #စွန့်လွှတ်မှု မသန့်ရှင်းလျှင်
                  ဝေဒနာပေါ်မှာ  #ပြန်ငြိတတ်သည်။
                        သို့သော် ပြင်းထန်မှုမရှိတော့ပါ။

#သန့်ရှင်းသည့်တိုင်အောင်
  #စနစ်တကျ    ပြန်ကျင့်ရမည်။

      #အကြွင်းမဲ့ #ချုပ်ငြိမ်းသွားလျှင် 
        အကုသိုလ်စိတ်များ လုံးဝပြန်မဖြစ်တော့ပါ။

        #စိတ်သည်အေးချမ်းနေပါလိမ့်မည်။

        #ကာယိကဒုက္ခဝေဒနာမှ
    #ကြမ်းတမ်းသည့် တဏှာနှင့်ဒေါသ
အကြွင်းမဲ့ချုပ်ခြင်း ဖြစ်သည်။

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ဘဒ္ဒန္တစန္ဒိမာ အောင်လံ
ရေးသားပြုစုသော သောတာပတ္တိရှုဖွယ်ကျမ်းမှ
ရေးသားပူဇော်ပါတယ် _/\_ _/\_ _/\_

~~~~~~~~~~~~။ ။ ။~~~~~~~~~~~~~~~
ဤကုသိုလ်သည်
မဂ်ဖိုလ်နိဗ္ဗာန်အတွက်အားကြီးသော
အထောက်အပံ အဖြစ်ရည်သန်ပါ၏
မရသေးခင်စပ်ကြားတွင်
သူတော်ကောင်းများဖြင့်သာ ပေါင်းဆုံရပြီး
သူတော်ကောင်းတရားများ
နာယူလက်ခံကျင့်သုံးနိုင်သူ ဖြစ်ရပါလို၏

_/\_ _/\_ _/\_
၃၀-၀၅-၂၀၁၇  (01:29 AM)

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...