ဖန်တီး
*****
အဖန်ဖန်ကြံဆရင်းက ရုပ်လုံးကြီး လုံးတီးပေါ်လာစေသည်အထိ စီရင်ပေးစွမ်းနိုင်ခြင်းဖြင့် ဖန်တီးရှင် အမည်ခံယူသည်
ယင်းသည်အတွေးပညာရှင်၏ နယ်ပယ်တည်း ကြံဖန်ရင်းမှ သက်ဆင်းလာရခြင်းကြောင့် ဖန်ဆင်းဟူ၍လည်း အမည်ရသေး၏
ပိုင်ရှင်ကား ဖန်ဆင်းရှင်တည်း
ယင်းသည်အတွေးပညာရှင်၏ နယ်ပယ်တည်း ကြံဖန်ရင်းမှ သက်ဆင်းလာရခြင်းကြောင့် ဖန်ဆင်းဟူ၍လည်း အမည်ရသေး၏
ပိုင်ရှင်ကား ဖန်ဆင်းရှင်တည်း
ထိုစဉ် …
တန်ခိုးဣဒ္ဓိပါဒ်ရှင်များက ဝိဇ္ဇာအတတ်ဖြင့် ဖန်ဆင်း၏
စမ်းသပ်သညာရှင်များက သိပ္ပံအတတ်ဖြင့် ဖန်တီး၏
ပညာရှင်နှင့် သညာရှင်များ၏ ရပ်ဝန်းတည်း ထိုရပ်ဝန်းတွင်မှာမူ …
တန်ခိုးဣဒ္ဓိပါဒ်ရှင်များက ဝိဇ္ဇာအတတ်ဖြင့် ဖန်ဆင်း၏
စမ်းသပ်သညာရှင်များက သိပ္ပံအတတ်ဖြင့် ဖန်တီး၏
ပညာရှင်နှင့် သညာရှင်များ၏ ရပ်ဝန်းတည်း ထိုရပ်ဝန်းတွင်မှာမူ …
* ဝိဇ္ဇာပညာရှင်မှာကား အဝိဇ္ဇာ တဏှာ စွက်ဖက်ခွင့် မရသော သမ္မာမဂ္ဂင်လမ်းပေါ်မှ နေစေရင်းက ဖန်ဆင်းပေးနေ၏
* သိပ္ပံပညာရှင်များကား အဝိဇ္ဇာ တဏှာဦးစီးသော ငါ့မှာ … ဒါသာအောင်မြင်လိုက်လျှင် ရှေ့ပြေးအတွေးများဖြင့် ဖန်တီးခွင့်ရချေရာ ယင်းကား မိစ္ဆာလမ်းမှပင် အစေခံပြီး ဖန်တီးပေးရ၏
သို့ဖြစ်ရာ အဖန်ဖန် အနည်းနည်း တီးခေါက်ကြာ့်ပြီးမှ ဖန်တီးခွင့်ရသော ယနေ့ဖန်တီးရှင်များသည်
ငါသာ … ဒါအောင်မြင်လိုက်လျှင် အစား
`ကမ္ဘာမှာ ဒါသာအောင်မြင်လိုကလျှင်´ ဖြင့် အစားထိုးသူများလောက်သာ ကမ္ဘာမိခင် အကောင်းအရာထင်ကြမည်
ငါသာ … ဒါအောင်မြင်လိုက်လျှင် အစား
`ကမ္ဘာမှာ ဒါသာအောင်မြင်လိုကလျှင်´ ဖြင့် အစားထိုးသူများလောက်သာ ကမ္ဘာမိခင် အကောင်းအရာထင်ကြမည်
`ကမ္ဘာမှာ ဒါသာအောင်မြင်လိုက်လျှင်´ ထိုစကားသည် လူသားတို့အကျိုးပြု လူတို့အားကိုး
အားထားမှု ပြုနိုင်လောက်သည့် အသုံးချပစ္စည်းများ၌သာ နားသက်တတ်သောကြောင့်...
အားထားမှု ပြုနိုင်လောက်သည့် အသုံးချပစ္စည်းများ၌သာ နားသက်တတ်သောကြောင့်...
သို့ဖြစ်ရာ
အကြံမှ အမှန်သို့ဖန် ကံဖြင့် လိုရာထဲ
ထီးထိုးလိုသူများ အများအတွက် မိမိက အနစ်နာခံ အကြံကို မှန် ခံ၍ ဖန်တတ်မှသာ...
အကြံမှ အမှန်သို့ဖန် ကံဖြင့် လိုရာထဲ
ထီးထိုးလိုသူများ အများအတွက် မိမိက အနစ်နာခံ အကြံကို မှန် ခံ၍ ဖန်တတ်မှသာ...
၁၃၆၆ခုနှစ် ကဆုန်လဆန်း ၁၃ရက်
ခေါင်နန်းပလ္လင် မဟာမြိုင်
မဟာဗောဓိမြိုင်ဆရာတော်
ခေါင်နန်းပလ္လင် မဟာမြိုင်
မဟာဗောဓိမြိုင်ဆရာတော်