. ❄ဝိသုဒ္ဓိ ၇ ပါး အကျဉ်း❄
. 💫💫💫💫💫
. ❄၁။သီလဝိသုဒ္ဓိ
. ❄၂။စိတ္တဝိသုဒ္ဓိ
. ❄၃။ဒိဌိ ဝိသုဒ္ဓိ
. ❄၄။ကင်္ခာဝိတရဏ ဝိသုဒ္ဓိ
. ❄၅။မဂ္ဂာ မဂ္ဂ ညာဏ ဒဿ န ဝိသုဒ္ဓိ
. ❄၆။ပဋိပဋာ ညာဏ ဒဿ န ဝိသုဒ္ဓိ
. ❄၇။ညာဏ ဒဿ န ဝိသုဒ္ဓိ
. 🔯၁။ သီလဝိသုဒ္ဓိ🔯
. 💫💫💫💫💫
🔜 အဝတ်ဖြူ ၊ အဝတ်ကြောင်ဝတ်သော ပကတိလူတို့၌
၅ ပါးသီလ ( သို့ )၊အာဇီဝဌမက သီလလုံခြုံလျှင် ၊ စင်ကြယ်
လျှင် သီလဝိသုဒ္ဓိဖြစ်၏။သစ်ခေါက် မြေနီ မြေဝါစသည်ဆိုး၍
ဝတ်ရုံကြသော သီလရှင် ၊ယောဂီမယ် ၊ ရသေ့စသည်တို့၌
၁၀ ပါးသီလလုံခြုံ လျှင်(ဝါ) စင်ကယ်လျှင် သီလဝိသုဒ္ဓိ
ဖြစ်သည်။
.ဤနေရာတွင် လယ်တီဆရာတော်ကြီးရေးသား
တော်မူသော သီလဝိနိစ္ဆယကျမ်းမှ ထုတ်နှုတ်၍ အနည်းငယ်
ပြဆိုအံ့။
🔜ဆယ်ပါးသီလသည် သဘာဝအားဖြင့် အဘယ်သို့
နိစ္စမျိုးသာဖြစ်သနည်းဟူမူကား၊ ဖန်ရည်ဆိုးသောအဝတ်
ကိုဝတ်သော ဂဟဌ ဖြစ်သူ ၊ လူဝိသေသ လူအထူးတို့အား
ဇာတ ၊ ရူပ ၊ရာဇတ ပဋိဂ္ဂဟဏ တိုင်အောင်သော
ဆယ်ပါးသောအမှုတို့သည် ၊ဘယ်အခါမှ ပြုခြင်းငှာ မထိုက်တော့သော အမှုတို့သာတည်း။ ပြုခဲ့လျှင် အဝတ် အသွင်နှင့်
မတန်သောကြောင့် ပညာရှိ နတ်လူအပေါင်းတို့ ကဲ့ရဲ့
ဖွယ်သော ၊ ညှိုးနွမ်းခြင်းအဖြစ်သို့ ရောက်လေကုန်၏။
.🔜 ထို့ကြောင့်ဆယ်ပါးသီလသည် ထိုလူတို့အား ထို
အဝတ်အသွင်နှင့်တည်နေသမျှ ကာလပတ်လုံး အစဉ်
ထာဝရမြဲထိုက်သော သဘောရှိ၏။
(ဤကားဆယ်ပါးသီလ၏သဘာဝအားဖြင့်နိစ္စမျိုး
သာတည်း)
🔯ထို့ကြောင့် ဆန် မုတ်ဆိတ်ကိုပါယ်၍ ဖန်ရည်ဆိုး
သောအဝတ်ကို ဝတ်ကြသော သီလရှင် ၊ရသေ့ ၊ ယောဂီ
စသည်တို့သည် ဆယ်ပါးသီလကို အမြဲနိစ္စ စောင့်ထိမ်း
လုံခြုံစေရမည်ဟု စွဲမြဲစွာမှတ်သားကြရာသည်။
🔜တဖန်လည်တီဆရာတော်ကြီးရေးသားတော်မူသည်
မှာ -----
🔯 (ဆယ်ပါးနိစ္စနှင့်ထိုက်တန်သူ လူတစ်မျိုးဆိုသည်ကား
ပကတိ လူဝတ်မျိုးကို ပါယ်စွန့်၍ ၊ ညောင်ခေါက် အစရှိသော
ဖန်ရည်ဆိုးသော အဝတ်ကို ၊ ဝတ်သော ပဗ္ဗဇ္ဇိတအသွင်
တစ်စိတ်၌ တည်သော လူမျိုးတည်း။)
🔹 သာမဏေတို့၌ ဆယ်ပါးသီလအပြင် သေခိယကျင့်
ဝတ်၊စုဒ္ဒသ ခန္ဓကကျင့်ဝတ် စသည်တို့ကိုပြည်စုံစေလျှင်
(ဝါ) လုံခြုံလျှင် ၊ စင်ကြယ်လျှင် သီလဝိသုဒ္ဓိဖြစ်၏။
🔹ရဟန်းတော်များ၌ကား ပါတိမောက္ခ သံဝရသီလ
ဣန္ဒြိယ သံဝရသီလ ၊ အာဇီဝ ပါရိသုဒ္ဓိသီလ ၊ ပစ္စယ
သန္နိဿိတသီလ ၊ ဤသီလလေးပါးစလုံး လုံခြုံမှ
သီလဝိသုဒ္ဓိဖြစ်၏။
.
.
. ❄ ၂။စိတ္တဝိသုဒ္ဓိ ❄
. 💫💫💫💫💫
🔹ကာမစ္ဆန္ဒနီဝရဏ စသော စသောအညစ်အကြေးတို့မှ စိတ်၏သန့်ရှင်းစင်ကြယ်ခြင်းသည် စိတ္တဝိသုဒ္ဓိမည်၏။
သမထ ကမ္မဌာန်းကိုအားထုတ်၍ ဥပစာရဘာဝနာသို့
ရောက်လျှင် ထိုနီဝရဏတို့မှ စင်ကြယ်ပြီးဖြစ်၍ ၊ စိတ္တ
ဝိသုဒ္ဓိဖြစ်ပြီ ။အပၸနာဘာဝနာစ်န္ကိုရပါမူကား
ပြောဘွယ်ရာမရှိတော့ချေ။
ဝိပဿ နာကမ္မဌာန်းကို အဟုတ်ကြိုးပမ်းကြမည့်
ယောဂီ ပုဂ္ဂိလ်သည် သမထကမ္မဌာန်းကို ရှေးဦးစွာ
ဥပစာရသမာဓိလောက်ဖြစ်စေ ၊ အပ္ပနာသမာဓိသို့ရောက်
အောင်ဖြစ်စေ အားထုတ်၍ မိမိ၏စိတ်ကို မိမိ၏စိတ်ကို
နီဝရဏအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စေရမည်
ဟူလို။
. ❄ ၃။ဒိဌိဝိသုဒ္ဓိ ❄
. 🌠🌠🌠🌠🌠🌠
🌠စိတ် ၊စေတသိက်ဟူသောနာမ်တရားနှင့် နိပ္ဖန္နရုပ်တရားတို့ကို လက္ခဏာ ၊ ရသ ၊ ပစ္စုပဌာန် ၊ ပဒဌာန်
တင်၍ ဆင်ခြင်လိုက်သည့်အခါ ၊ သိမှုသည်စိတ် ခံစားမှု
သည် ဝေဒနာ ၊မှတ်သားမှုသည်ကားသညာ ၊ ပြုလုပ်အား
ထုတ်မှုသည်ကားသင်္ခာရ ၊ ဖောက်ပြန်တတ်သော ဤခန္ဓာ
ကိုယ်ကြီူကားရုပ်တည်း၊ ဤ ရုပ် ၊ ဝေဒနာ ၊ သညာ ၊
သင်္ခာရာ ၊ဝိညာဉ်တို့မှ တပါး အတ္တဟူသောတရားမျိုး မရှိ
တော့ပြီဟုသိမြင်နိုင်၏။ ဤသို့သိမြင်ခြင်းသည်ပင်လျှင်
အတ္တစွဲလမ်းမှုဟူသော အညစ်အကြေးမှ ကင်းဝေး
စင်ကြယ်သောကြောင့် ဒိဌိဝိသုဒ္ဓိ မည်၏။
အဘိဓမ္မာပါဠိတော်၌လာသော စိတ် ၊စေတသိက် ၊
ရုပ်အားလုံးကိုပင် လက္ခဏာစသည်တင်၍ ဆင်ခြင်
်သိမ်းဆည်းမှုကို ဒိဌိဝိသုဒ္ဓိဟု ဆိုပေသည်။
🌠သုတ္တန်ပါဠိတော်များ၌ကား ဓာတ်ကြီးလေးပါးနှင့်
အာကာသဓာတ် ၊ဝိညာဏဓာတ်ဟူသောဓာတ် ၆ ပါးကို
ပိုင်းခြားဆင်ခြင်နိုင်ရုံမျှဖြင့် ဒိဌိဝိသုဒ္ဓိဖြစ်၍ မဂ် ဖိုလ်ရသူ
များကိုတွေ့၏။ ထိုဓာတ် ၆ပါးကို ပင်ကိုယ်က ဗဟုသုတ
အခြေခံမရှိလျှင် လက္ခဏာ ရသ ပစ္စုပ္ပ္ပဌာန် ပဒဌာန်
လေးပါးလုံးစုံလင်အောင် တင်၍ ဆင်ခြင်နိုင်ဖို့ရာ လွန်စွာ
ခဲယဉ်းပေလိမ့်မည်။
🌠ရှေးက စာတစ်လုံးမှ မသင်ဖူးပဲလျှက် ၀ိပဿ နာတရား
ကိုအားထုတ်လျှက် မဂ် ဖိုလ် ရကြသူတို့မှာ #စာတတ်သူ
တွေထက်ပင် ပေါများသေး၏။🔷🔷🔷
ထို့ကြောင့် နည်းကောင်း လမ်းမှန်ကို နာခံ၍
#ဇွဲသန်သန် နှင့်အားထုတ်ပါလျှင် ရုပ်နာမ် အားလုံးကို
လက္ခဏာ စသည်မထင်နိုင်သော်လည်း အထိုက်
အလျောက် သိရုံမျှနှင့် ဒိဌိ ဝိသုဒ္ဓိဖြစ်ဖွယ်ရာရှိပေသည်။
♣ဤဒိဌိဝိသုဒ္ဓိပင်သည် ရုပ် နာမ် နှစ်ပါးဟူသော သင်္ခာ
ရကို ပိုင်းခြားတတ်သောကြောင့် နာမ ရူပ ဝဝတ္ထာနညာဏ်
ဟူ၍လည်းကောင်း၊ သင်္ခာရပရိစ္ဆေဒညာဏ်ဟူ၍
လည်းကောင်း အမည်ရလေသေး၏။
🔜 လက္ခဏာကားသဘောရင်းတည်း
🔜 ရသကား ကိစ္စဂုဏ်တည်း
🔜 ပစ္စုပ္ပဌာန်ကား ထင်ပေါ်သောတံခွန်တည်း
🔜 ပဒဌာန်ကား အလွန်နီးစွာသောအကြောင်းတည်း။
ဤလေးပါးနှင့်ခြားနားစွာထင်မြင်သည်ရှိသော် တရား
တစ်ပါးနှင့်တပါးရောယှက်ခြင်းမရှိစေမူ၍တစ်ခုတစ်ခုသော
နာမ်တရား ရုပ်တရားကို သီးသန့်ခြားနားစွာသိမြင်လေ၏။
. ❄ ၄။ကင်္ခာဝိတရနဝိသုဒ္ဓိ ❄
. 💫💫💫💫💫
🔼ငါသည်ရှေးကဖြစ်ခဲ့ဖူးလေသလော အလုံးစုံကို
အကုန်သိနိုင်သော ဘုရားရှင်သည် ရှိမှ ရှိနိုင်ပါမည်လား
စသော ယုံမှားသံသယမှ လွန်မြောက်ကြောင်းဖြစ်သော
ညာဏ်သည် ကင်္ခာဝိတရန ဝိသုဒ္ဓိမည်၏။
ထိုညာဏ်မျိုးပေါ်ပေါက်လာအောင် ယခင် နာမ်ရုပ်
တရားတို့၏ အကြောင်းရင်းဖြစ်သော ကံ ၊ စိတ် ၊ ဥတု ၊ အဟာရ စသည်ကိုယူ၍ ပိုင်း၍ ယူရဆင်ခြင်ရသည်။
🔼 ခပ်သိမ်းသော ရုပ်နာန်တရားတို့၏ ပဋိစ္စ သမုပ္ပာဒ်ကို
ပိုင်ပိုင်ထင်မြင်နိုင်သည် ရှိသော် သုတ္တန်ဒေသနာတော်လာ
ဝိစိကိစ္ဆာ(ယုံမှားခြင်း) ၁၆ ပါးနှင့် အဘိဓမ္မာဒေသနာလာ
ဝိစိကိစ္ဆာ ၈ ပါးတို့ကို လွန်မြောက်နိုင်သော ကင်္ခာဝိတရန ဝိသုဒ္ဓိစခမ်းသို့ တန်းတန်းမတ်မတ် ဆိုက်ရောက်လေ
တော့သည်။
▶ရုပ်နာမ်သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍မရှိဟု
ယူမှားသော အဟေတုကဒိဌိ၊ ရုပ် နာမ် ခန္ဓာ သတ္တဝါ
တို့ကို ထာဝရ ဘုရားသခင်က ဖန်ဆင်း၏စသဖြင့်ယူမှားသော ဝိသမဟေတုကဒိဌိအစရှိသော ဒိဌိအမျိုးမျိုးတို့ကို
လွန်မြောက်သော် ကင်္ခာဝိတရနဝိသုဒ္ဓိ မည်၏။
▶ရုပ်နာမ်တရားတို့ အကြောင်းအားလျော်စွာဖြစ်တတ်
ပုံကိုသဘောကျလျှင် ထိုအာူလုံးကိုကောင်းစွာမသိနိုင်သေး
သော်လည်း ကြံကြံစည်စည်ကား တွေးတောယုံမှားခြင်း
မရှိတော့ပြီ။အဝိဇ္ဇာပစ္စယာ သင်္ခာရအရဝယ် အဝိဇ္ဇာ
ဖုံးကွယ်ထားအပ်သော ၊ ဗုဒ္ဓ ၊ ဓမ္မ ၊သံဃ၊စသော ရှစ်
ပါး၌ ယုံမှားမှုများလည်းကင်းကွာလေပြီ။ဤသို့ယုံမှားမှုအားလုံးကိုလွန်မြောက်၍ အဟေတုကဒိဌိ ၊ ဝိသမဟေတုကဒိဌိအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သည့်အခါ
ကင်္ခာဝိတရနဝိသုဒ္ဓိစခမ်းသို့ ပေါက်လေပြီ။
▶ ဤကင်္ခာဝိတရနဝိသုဒ္ဓိ (အကျိုးတရားများ တည်တံ့ဖို့
အကြောင်းကို သိတတ်သောကြောင့်) ကို ၊ ဓမ္မဌိတိညာဏ်
ဟုလည်းခေါ်၏။ရုပ် နာမ်ကိုအကြောင်းတရားနှင့်တကွ ဟုတ်မှန်စွာသိတတ်သောကြောင့် ၊ ယထာဘူတညာဏ်
ဟုလည်းခေါ်၏။ မှန်ကန်စွာသိမြင်တတ်သောကြောင့်
သမ္မာဒဿ နဟုလည်းခေါ်၏။
▶ ဒိဌိ ဝိသုဒ္ဓိတုန်းက ရုပ်နာမ်ကိုသာသိ၏။ရုပ်နာမ်
အကြောင်းကိုမသိသေး ။ဤကင်္ခာဝိတရန ဝိသုဒ္ဓကျမှ
သာအကြောင်းနှင့်တကွ ရုပ် နာမ်ကိုသိလေ၏။
. ❄ ၅။မဂ္ဂာ မဂ္ဂညာဏဒဿ နဝိသုဒ္ဓိ❄
.. 💫💫💫💫💫💫💫💫
▶သမ္မသနညာဏ်ရင့်သန်ပြီးနောက် တိုးတက်အာ
ထုတ်သည့်အခါ ဥဒယဗ္ဗယညာဏ်ဖြစ်ပေါ်လာ၏။
ထိုဥဒယဗ္ဗယညာဏ်အခိုက်ဝယ် ကမ္မဌာန်းအစဉ်၌ မကျွမ်း
ကျင်သောယောဂီပုဂ္ဂိုလ်သည် အရောင်အလင်းစသော
ဝိပဿ နာညစ်ညူးကြောင်းတရား ၁၀ ပါးတွင် ၊
တစ်ပါးပါး၌ နှစ်သက်လျှက် ကမ္မဌာန်းလမ်းလွဲတတ်သော်လည်းကျွမ်းကျင်သည့် ယောဂီပုဂ္ဂိုလ်၌ကား ၊ ဤအရောင်အလင်း(သြဘာသ) စသည်တို့သည် ၊ တဏှာ မာန ဒိဌိတို့၏တည်ရာဖြစ်၍ ဝိပဿ နာစိတ်ကို ညစ်နွမ်းစေတတ်သောဘေးရန်များသာဖြစ်၏။ ဤအရောင်အလင်း စသည်ကိုသာယာနှစ်သက်မှုသည် လမ်းမှန်မဟုတ်၊အမဂ္ဂတည်း။
ဤအရောင်အလင်းစသည်ကိုဂရုမစိုက်ပဲ ၊ အားထုတ်မြဲ
ဝိပဿ နာသည်သာလျှင် မဂ်ဖိုလ်ရကြောင်း လမ်းကောင်းမဂ္ဂတည်းဟု ၊ လမ်းမှန်သည် / လမ်းမှန်သည် ကို ပိုင်းခြားတတ်သော ညာဏ်ဖြစ်လာ၏။
ထိုညာဏ်သည် သာမာန်သိယုံမျှမဟုတ် အမဂ္ဂ/မဂ္ဂ
ကို မျက်စိဖြင့်ကြည့်ရသလို သိမြင်တတ်သောကြောင့်
#ဒဿ နလည်းမည်၏။
ဝိပဿ နာညစ်ညူးကြောင်း ဝိပဿနုပက္ကိလေသတို့မှ
စင်ကြယ်သောကြောင့် ဝိသုဒ္ဓိလည်းမည်၏။ထို့ကြောင့်
မဂ္ဂာ မဂ္ဂ ညာဏဒဿန ဝိသုဒ္ဓိခေါ်၏။
▶ဤမျှလောက်သော ဝိပဿ နာညာဏ်အစဉ်ဖြင့်
ဥဒယဗ္ဗယညာဏ်အဆုံးမသတ်သေး ၊ သြဘာသစသည်
တို့၏နှောက်ယှက်မှုကြောင့် အဆုံးမသတ်ခင် လမ်းခုလတ်
မှာပင် ၊ဝိပဿ နာအစဉ်ရပ်နေသည်။ထို့ကြောင့် သမ္မသန
ညာဏ်နှင့် ဥဒယဗ္ဗယညာဏ်ရှေ့ပိုင်းကို မဂ္ဂာ မဂ္ဂ ညာဏ
ဒဿ နနယ်ဟုမှတ်ပါလေ။��
.
. ❄ ၆။ပဋိပဋာညာဏဒဿနဝိသုဒ္ဓိ❄
. 💫💫💫💫💫💫💫💫
🔼 ရှေးက ဥဒယဗ္ဗယညာဏ်ဖြစ်ခဲ့သော်လည်း
ဝိပဿ နာညစ်ညူးကြောင်း (ဝိပဿနုပက္ကိလေသ)တို့၏
နှောက်ယှက်မှုကြောင့် အနိစ္စစသောလက္ခဏာသုံးပါး
တို့လည်းမထင်ရှားသေး ၊ ထို့ကြောင့်ဝိပဿ နုပက္ကိလေသ
တရားတို့မှ လွန်မြောက်ပြီးသည့်ခါ ထိုလက္ခဏာသုံးပါး
အလွန်ထင်ရှားသည့်၊ဥဒယဗ္ဗယညာဏ်မှစ၍ ဘင်္ဂညာဏ်
ဘယညာဏ်စသောညာဏ်စဉ်အတိုင်း ၊ အနုလောမညာဏ်
ရောက်သည့်အခါကျမှ ပဋိပဋာညာဏဒဿ နဝိသုဒ္ဓိနယ်
ဆုံးလေသည်။
🔼မဂ်ဖိုလ်သို့ရောက်ကြောင်းအကျင့်ဖြစ်၍ ပဋိပဋာဟူ
၍လည်းကောင်း ၊ ဘုံသုံးပါး၌ ဖြစ်သော သင်္ခာရတရားတို့ကို
အနိစ္စ ဒုက္ခ အနတ္တဟု သိတတ်သောကြောင့် ညာဏဟူ
၍လည်းကောင်း ၊ သာမာန်အသိမျိုးမဟုတ် မျက်စိဖြင့်မြင်
ရသလို သိတတ်သောကြောင့် #ညာဏဟူ၍လည်းကောင်း
သာမာန်အသိမျိုးမဟုတ် ၊ မျက်စိဖြင့်မြင်ရသလို သိမြင်တတ်
သောကြောင့် ဒဿ နဟူ၍လည်းကောင်း ၊ ဆန့်ကျင်ဖက်
ကိလေသာတို့မှ ဝေးကွာသည်ထက် ဝေးကွာ၍ ၊ လွန်စွာ
စင်ကြယ်သောကြေညင့် ဝိသုဒ္ဓိဟူ၍လည်းကောင်း
ခေါ်၏။
🔼 ဥဒယဗ္ဗယညာဏ် နောင်ပိုင်းမှစ၍ အနုလောမ
ညာဏ် တိုင်အောင် ၊ ဤညာဏ် ကိုးပါးသည် ပဋိပဋာ
ညာဏ ဒဿ နဝိသုဒ္ဓိနယ်ဖြစ်၏။
. ❄၇။ညာဏဒဿ နဝိသုဒ္ဓိ❄
. 💫💫💫💫💫💫💫
🔜 သီလ ဝိသုဒ္ဓိစသော ရှေ့ဝိသုဒ္ဓိ ၆ ပါးအစဉ်ဖြင့်
အဆင့်ဆင့်တက်၍ရအပ်သော မဂ်ကို(မဂ်လေးပါးလုံးပင်)
ညာဏဒဿ န ဝိသုဒ္ဓိဟုခေါ်၏။
. စတုသစ္စံ ဇာနာတီတိ ညာဏံ
. ပစ္စက္ခတော ပဿ တီတိ ဒဿ နံ
. ကိလေသမလတော ဝိသုဇ္ဈနံ ဝိသုဒ္ဓိ။
🔯 သစ္စာလေးပါးကိုသိတတ် ၊ မျက်စိဖြင့်မြင်ရသလို
တိုက်ရိုက်မြင်ရတတ်သောကြောင့် ၊ညာဏ ဒဿ န
ဝိသုဒ္ဓိမည်၏။ကိလေသာအညစ်အကြေးတို့မှ စင်ကြယ်
သောကြောင့် #ဝိသုဒ္ဓိလည်းမည်၏။ နာမည်သုံးရပ်ကို
ပေါင်းစပ်၍ မဂ်ကို ညာဏဒဿ န ဝိသုဒ္ဓိဟု ခေါ်ဝေါ်
အပ်၏။
🔚 ဝိသုဒ္ဓိ ၇ ပါးတွင် သီလဝိသုဒ္ဓိ ၊စိတ္တဝိသုဒ္ဓိ နှစ်ပါးသည်
အခြေခံမူလတည်း။ ထိုနှစ်ပါးမစင်ကြယ်လျှင် ၊ အထက်
ဝိသုဒ္ဓိများ စင်ကြယ်နိုင်မည် မဟုတ်။အထက်ဝိသုဒ္ဓိ ၅ ပါး
ကားအထည်ကို သရီရတည်း။
🔯ဝိသုဒ္ဓိ ၇ ပါးအကျဉ်းပြီးပါပြီ။🔯
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
🔯ဆရာတော်ဦးသီဟဗလ(ပါဠိပါရဂူ)ရေးသားပြုစုတော်
မူသော ညောင်လွန့်တရားအားထုတ်နည်းနှင့်
အရိယာစစ်တမ်းကျမ်းမှ စာ ၁၅၉
⏪သာယာချမ်းမြေ့ကြပါစေ⏩
🌟သစ္စာနီ 🌟