ဖားအောက်တောရ ဆရာတော် နှင့် သီတဂူ ဆရာတော်
တို့၏ ထေရုပ္ပတ္တိ အကျဉ်း
- - - - - - - - - - - - - - - - - - - - - - - -
ဟင်္သာတ မြိုနယ်၊ လိပ်ချောင်း ကျေးရွာမှာ ဖားအောက် တောရ ဆရာတော် လောင်းလျာ ဖြစ်တဲ့ မောင်အောင်သန်းကို ဖွားမြင် ပါတယ်။ မိဘနှစ်ပါးက သာမန် လုပ်ကိုင် စားသောက် နေကြတဲ့ မြန်မာလူမျိုး ဦးပြူး နဲ့ ဒေါ်စောတင် တို့ ဖြစ်ပါတယ်။ မောင်အောင်သန်း ကို မွေးဖွားတဲ့ အချိန်ဟာ ကောဇာသက္ကရာဇ် ၁၂၉၆ခုနှစ်၊ ၀ါဆိုလဆန်း ၁၄ရက်၊ တနင်္ဂနွေနေ့  နံနက် ၇:၀၀ နာရီ ဖြစ်ပါတယ်။

အသက် ခြောက်နှစ်အရွယ် မှာ မိဘများက လိပ်ချောင်းရွာ၊ စလင်းကျောင်း ဆရာတော် ဦးသောဏ ထံမှာ အပ်နှံကြပါတယ်။
မောင်အောင်သန်းကို အသက်ကိုးနှစ်၊ ၁၀လ ရှိလာတဲ့ ၁၃၀၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ရက်နေ့ မှာ ရှင်သာမဏေ ပြုပေး လိုက်ကြ ပါတယ်။ ရှင်သာမဏေ ကလေးရဲ့  ဘွဲ့အမည်က “ရှင်အာစိဏ္ဏ” ဖြစ်ပါတယ်။ ဥပဇ္ဈာယ်ဆရာက လိပ်ချောင်းရွာ စလင်းကျောင်း ဆရာတော် ဦးသောဏ ဖြစ်ပါတယ်။
ရှင်သာမဏေ ဘ၀ နဲ့ ရန်ကုန်၊ မန္တလေးတို့ မှာ စွမ်းစွမ်းတမံ ပညာဆည်းပူး ပြီးတော့ ကောဇာသက္ကရာဇ် ၁၃၁၆ခုနှစ်၊ ကဆုန်လဆန်း ၈ရက် နေ့ မှာ ဟင်္သာတမြို့၊ ရေကြည်တိုက်သစ် မှာ ရေကြည်ဂိုဏ်းချုပ် မင်္ဂလာဆရာတော် ဦးပညာအား ဥပဇ္ဈာယ် ဆရာ ပြုပြီး မြင့်မြတ်တဲ့ ရဟန်းဘ၀ကို တက်ရောက် တော်မူတယ်။ ထို့ နောက် မန္တလေးမြို့သို့ တစ်ဖန် ကြွသွားပြီး တောင်ပြင်ရပ်၊ မြင်းဝန်တိုက်မှာ သုံးနှစ်ကြာ သီတင်းသုံးပြီး မြင်းဝန်တိုက် ဆရာတော် ဦးဥက္ကံသ ထံမှာရော၊ ထီးလင်းတိုက် ဆရာတော် ဦးသူရိယ နဲ့  ဦးပညာနန္ဒ တို့ ထံမှာရော၊ ဘုရားကြီးတိုက် ကို ဆက်လက် ဆည်းပူးပါတယ်။
ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ်မှာ ဦးအာစိဏ္ဏဟာ ဓမ္မစရိယ စာချတန်း စာမေးပွဲကြီးကို အောင်မြင် တော်မူတယ်။ ၁၃၁၉ ခုနှစ်မှာ ရန်ကုန်၊ ကမ္ဘာအေး ကုန်းမြေမှာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဦးစီး ဖွင့်လှစ်ထားတဲ့ သံဃ တက္ကသိုလ်သို့ သွားရောက်ပြီး ပရိယတ္တိ စာပေများ နဲ့ ခေတ်စာပေများကို ငါးနှစ်နီးပါး ထပ်မံ ဆည်းပူးပါတယ်။
ဦးအာစိဏ္ဏဟာ တက္ကသိုလ်ဝင် စားမေးပွဲကို ပြင်ပမှ ၀င်ဖြေပြီး အောင်မြင်တော့ ဥပစာဝိဇ္ဖာ(အိုင်အေ) စာမေးပွဲကို ဆက်လက် ဖြေဆို ပါတယ်။ အခက်အခဲ မရှိ အောင်မြင် ပြန်တယ်။ ထို့နောက် ၀ိဇ္ဖာဘွဲ့ (ဘီအေ) အတွက် ပြဋ္ဌာန်းစာ များကို ဆည်းပူး လေ့လာ ပြန်တယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လမှာ တက္ကသိုလ် ကျောင်းများကို ပိတ်လိုက်ရတဲ့ အတွက် ဘီအေ စာမေးပွဲကို ဦးအာစိဏ္ဏ မဖြေဖြစ် တော့ပါဘူး။
၁၃၄၃ခုနှစ်၊ ၀ါဆိုလဆုတ် ၅ရက်၊ ခရစ်သက္ကရာဇ် ၁၉၈၁ခုနှစ်မှာ ဒုတိယ ဖားအောက် တောရ ဆရာတော် အရှင်အဂ္ဂဓမ္မ ပျံလွန် တော်မူတဲ့ အတွက် ဦးအာစိဏ္ဏဟာ တတိယ ဖားအောက်တောရ ဆရာတော် ဖြစ်လာ ပါတော့တယ်။
၁၉၈၃ခုနှစ် မှစတင်ကာ ဓာတ်ကမ္မဋ္ဌာန်းကို အခြေခံလျက် သုဒ္ဓ၀ိပဿနာယာနိက လမ်းစဉ်ဖြင့် စတင်ကာ ယောဂီတို့ ကို တရားညွှန်ပြပေးတယ်။
ဖားအောက်တောရ စင်္ကြံကျောင်းဟာ ဖားအောက် ကျေးရွာ ထိပ်ရှိ မော်လမြိုင်-မုဒုံ ကားလမ်းမနဲ့  တာ ၅၀၀ခန့်၊ တနည်း ၁၅ မိနစ် လမ်းလျှောက်စာမျှ ဝေးကွာပါတယ်
ဖားအောက်တောရ ရိပ်သာခွဲများအဖြစ် မန္တလေးတောင်၊ တောင်ဆင်း ကားလမ်းဘေး ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ ရိပ်သာ၊ ရန်ကုန်တိုင်း သန်လျင်မြို့  ကျိုက်ခေါက် စေတီအနီး သီလ၀ါလမ်းမ ပေါ် ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ္ဓသာသနာရိပ်သာ နှင့် ကရင်ပြည်နယ် ဘားအံမြို့  ဇွဲကပင်တောင်ခြေ ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ္ဓသာသနာရိပ်သာ တို့ ကိုလည်း အချိန်ပြည့် ဖွင့်လှစ် ထားပြီးဖြစ်ပါတယ်။
* * * * * * * * * *
သီတဂူဆရာတော် ဦးဥာဏိဿ ရ (၁၉၃၆ခုနှစ်) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့ ၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင် တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။
အသက်(၇)နှစ် အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်း ကျောင်း တွင် စတင် ပညာ သင်ကြား ခဲ့ပါသည်။
အသက်(၁၅)နှစ် အရွယ်တွင် ရှင်သာမဏေ ပြုခဲ့ပါသည်။ သက္ကရာဇ် ၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း (၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေ ပြုချိန်မှ စ၍ ပိဋကတ် အခြေခံ ကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်းကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ခုနှစ် ဓမ္မာစရိယ တန်းအောင်။ ရန်ကုန်မြို့၊ တာမွေ သိမ်ကုန်းတိုက်၊ မန္တလေးမြို့ အနောက် ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက် များတွင် အဆင့်မြင့် ပိဋကတ် ကျမ်းစာများကို သင်ကြား ခဲ့ပါသည်။
၁၃၂၃-၂၆ခုနှစ် ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များ သင်ကြား ခဲ့ပါသည်။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ ဘီအမ်အေ ကောလိပ် (မြန်မာ ဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်း များ၌ ပါဝင် ဆောင်ရွက် ခဲ့ပါသည်။ ၁၃၂၉ - ၁၃၃၃ ခုနှစ် စစ်ကိုင်းတောင် အနီးစခန်း ဆရာတော်ထံ၌ ပိဋကတ် ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ပါသည်။ ၁၃၃၄ - ၃၇ ခုနှစ် (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရ စခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့ပါသည်။
၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင် တည်ဆောက် ခဲ့ပါသည်။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက် သီတဂူ ရေအလှူတော် စီမံကိန်းကို ဆောင်ရွက် ခဲ့ပါသည်။
(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ )
(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ )
၁၃၄၇ - ၀ါခေါင် လပြည့်နေ့ မှစ၍ သီတဂူ အာယုဒါန ဆေးရုံကို တည်ဆောက် ခဲ့ပါသည်။
(တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း (၂၀)ခန့်ဖြင့် ဆေးဝါး ကုသ ဒါနပြုလျှက် ရှိပါသည်။)
၁၃၅၁ ခုနှစ် ဆေးရုံပြီးမြောက်
(ကုတင်-၁၀၀ဆန့် ကျပ် သိန်း ၅၀၀ကျော် ကုန်ကျပါသည်။ ) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါန အလှူတော် သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်း များစွာ လှူဒါန်းလျက် ရှိပါသည်။

* * * * * * * * * * *
ဖားအောက် ဆရာတော်ကြီး နှင့် သီတဂူဆရာတော်ကြီး နှစ်ပါးကို၊ အတူတကွ ဖူးမျှော် လိုက်ရ တာဟာ...
သာသနာ့ ကောင်းကင်မှာ နေ - လ နှစ်စင်းအပြိုင် ထွက်ပေါ် လာတာကို မြင်တွေ့ လိုက်ရ သလိုပါပဲ၊~
သာသနာ့ ကောင်းကင်မှာ နေ - လ နှစ်စင်းအပြိုင် ထွက်ပေါ် လာတာကို မြင်တွေ့ လိုက်ရ သလိုပါပဲ၊~
လွန်ခဲ့သော ၄၅ နှစ်ကျော်က …
သပိတ်အိုင် ဆိုတဲ့ တောရမှာ ဒီဆရာတော်ကြီး နှစ်ပါး တောရဆောက်တည်ရင်း အတူတကွ ဆုံဆည်း ခဲ့ကြ၏။
သပိတ်အိုင် ဆိုတဲ့ တောရမှာ ဒီဆရာတော်ကြီး နှစ်ပါး တောရဆောက်တည်ရင်း အတူတကွ ဆုံဆည်း ခဲ့ကြ၏။
သီတဂူဆရာတော်က သက်တော် ၃၄ နှစ်အရွယ် … ဖားအောက်ဆရာတော်ကြီး ကတော့ သက်တော် ၀ါတော် ပိုမို၏။
ဆရာတော်ကြီးနှစ်ပါး တို့ဟာ သပိတ်အိုင်တောရမှာ တစ်နှစ် နီးပါးခန့် အတူတကွ တောရဆောက်တည်ရင်း သီတင်းသုံး ခဲ့ကြ၏။ နောက်တော့ ဖားအောက်ဆရာတော်က သပိတ်အိုင်မှ ရေးမြို့နယ်…အစင်တောရ သို့ ပြောင်းရွေ့ သွားခဲ့၏။
ဆရာတော်ကြီးနှစ်ပါး တို့ဟာ သပိတ်အိုင်တောရမှာ တစ်နှစ် နီးပါးခန့် အတူတကွ တောရဆောက်တည်ရင်း သီတင်းသုံး ခဲ့ကြ၏။ နောက်တော့ ဖားအောက်ဆရာတော်က သပိတ်အိုင်မှ ရေးမြို့နယ်…အစင်တောရ သို့ ပြောင်းရွေ့ သွားခဲ့၏။
သူတော် အချင်းချင်း သတင်း လွေ့လွေ့ ဆိုတဲ့အတိုင်း သပိတ်အိုင်တောရ နဲ့ အစင်တောရတို့ အပြန်အလှန် အဆက်အသွယ် ပြုလုပ်၍ ဘာဝနာ အလုပ်ကို နှီးနှော ဖလှယ် ဆက်သွယ် ခဲ့ကြတာဟာ... လေးနှစ်ကျော်၊ ငါးနှစ်ခရီး အရှည်ကြီး ပဲပေါ့…
သပိတ်အိုင်ဟာ ဗောဓိမျိုးစေ့ နှစ်စေ့ကို အပင်ပေါက် စေခဲ့တဲ့ ဘူမိနက်သန် လို့ပင် ဆိုရလေမလား …
ဗောဓိညောင်စေ့ ကလေးဟာ မျိုးစေ့ပေါင်း များစွာ ထဲမှာ အသေးဆုံးသော မျိုးစေ့တွေ ထဲမှာ ပါတယ်။ ဒါပေမယ့် မြေကောင်း ရေကောင်းကို ရတဲ့အခါ ငှက်အကောင်ပေါင်း များစွာ တို့ရဲ့ အရိပ်ခို နားနေရာ၊ အစာစားလို့ အသက်ရှင်ရာ၊
ကြီးမား စည်ကားတဲ့ အပင်ကြီး တစ်ခုအဖြစ် ပေါက်ရောက် စေနိုင်တဲ့ သတ္တိဓါတ် ကိန်းအောင်း နေတာ အမှန်ပါပဲ။
ကြီးမား စည်ကားတဲ့ အပင်ကြီး တစ်ခုအဖြစ် ပေါက်ရောက် စေနိုင်တဲ့ သတ္တိဓါတ် ကိန်းအောင်း နေတာ အမှန်ပါပဲ။
သပိတ်အိုင်က ဘာဝနာ ရေကို လောင်းခဲ့ကြတဲ့ ဒီ ဗောဓိ ညောင်စေ့ နှစ်စေ့ဟာ၊ မြတ်စွာဘုရားရဲ့ ၀ါတော်နဲ့ ညီမျှတဲ့ ၄၅ နှစ်တာ ကာလ အတွင်းမှာ… ငှက်အကောင်ပေါင်း များစွာ တို့ရဲ့ အရိပ်ခို နားနေရာ၊ ဘ၀ရဲ့ ငြိမ်းချမ်းတဲ့ ဓမ္မအရိပ်ကို ပေးဆောင် ရာ ကြီးမား စည်ကား တဲ့ အပင်ကြီးနှစ်ပင် အဖြစ် ပေါက်ရောက် ကြီးထွား ဝေဆာ ခဲ့ကြ လေပြီတကား။
ဘ၀သံသရာ များစွာမှာ ဖြည့်ကျင့် ခဲ့ကြတဲ့ ပါရမီ သတ္တိဓါတ်တွေ ကိန်းအောင်း နေလေတော့… မျိုးစေ့မှန်ငြား… ပင်သန်ထွား၍
ပွင့်ကားသီးမှည့်… သြဇာ တက်သည် ဆိုတဲ့ ရှေးက ဆိုရိုး စကား လိုပါပဲ။
ပွင့်ကားသီးမှည့်… သြဇာ တက်သည် ဆိုတဲ့ ရှေးက ဆိုရိုး စကား လိုပါပဲ။
ယနေ့အချိန်တွင် ဖားအောက်ဆရာတော်ကြီးက (International Meditation Master) အဖြစ်နဲ့ က္ဘာကျော်တဲ့ ဆရာတော်ကြီး အဖြစ်ဖူးတွေ့ နေရပြီ။
သီတဂူဆရာတော်ကြီး ကတော့ …
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး ၃ ခု၊ မြန်မာပြည့်အနှံ့ သီတဂူ ဆေးရုံပေါင်း ၃၀ နီးပါးခန့်၊ ကမ္ဘာအနှံ့ ...အမေရိကန်၊ ရုရှား... သီတဂူ ကျောင်းခွဲများ၊ စစ်ကိုင်း သီတဂူ ၀ိပဿနာ အကယ်ဒမီ ကြီးတစ်ခု စသည် တို့ကို တည်ထောင် တော်မူ ခဲ့ပါတယ်၊
မြန်မာမှာ သာမက ကမ္ဘါအနှံ့ မှာပါ ဘုရားစေတီပုထိုး ပေါင်း များစွာကို အသစ်တည်ထား၊ ပြန်လည် ပြုပြင်ခြင်း၊ တရားဓမ္မများ ဟောကြားခြင်း၊ ကမ္ဘာဗုဒ္ဓဘာသာ ညီလာခံ ကြီးများ၊ အစည်းအဝေး ပေါင်းများစွာ တို့ကို တက်ရောက် တော်မူခဲ့ခြင်း စသည့် သာသနာပြု လုပ်ငန်းပေါင်း များစွာကို တစ်ဘ၀မှာ ဆယ်ဘ၀စာ သာသနာ ပြုတော်မူ ခဲ့သည့် …
(World Religious Figure) ကမ္ဘာကျော်တဲ့ သီတဂူဆရာတော်ကြီး အဖြစ် ဖူးတွေ့ နေရပြီ။

ယခုလို ဆရာတော်ကြီးနှစ်ပါး ဘ၀သာသနာ သမိုင်းကို ရေးထိုး ခဲ့ကြ တာဟာဖြင့် ….
ဘယ်လို့ ဘယ်ပုံလည်း ဆိုတော့ …
သာသနာ့ ကောင်းကင်မှာ နေ - လ နှစ်စင်း အပြိုင်ထွန်းလင်း ထွက်ပေါ် လာတာကို မြင်တွေ့လိုက်ရသလိုပါပဲ ။ ။
သာသနာ့ ကောင်းကင်မှာ နေ - လ နှစ်စင်း အပြိုင်ထွန်းလင်း ထွက်ပေါ် လာတာကို မြင်တွေ့လိုက်ရသလိုပါပဲ ။ ။
Ashin Wai Pone La
(Gautam Buddha University)
(Gautam Buddha University)
ကောက်နှုတ်ဖော်ပြချက်။ ။
(တစ်မိုးအောက်မှာ တစ်ယောက်သာ ထွန်းပေါက်သည့် ပုဂ္ဂိုလ် သီတဂူ၏ ဘ၀ပုံရိပ်)
(တစ်မိုးအောက်မှာ တစ်ယောက်သာ ထွန်းပေါက်သည့် ပုဂ္ဂိုလ် သီတဂူ၏ ဘ၀ပုံရိပ်)
{သီတဂူဆရာတော်ဘုရားကြီး၏ သက်တော် ( ၇၅ ) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ်မိမိရေးသား ပူဇော် တော်မူခဲ့သည့် စာအုပ် တို့ကို အမှတ်ရရင်း အကြိမ်ပေါင်း များစွာ၊ အထပ်ထပ် ဖတ်ခဲ့ဖူးတဲ့ သီတဂူ၏ ဘ၀ပုံရိပ်ထဲက သပိတ်အိုင်တောရ မြင်ကွင်းကို အမှတ်ရရင်း}
ဆရာတော်ဘုရားကြီးနှစ်ပါးအား ရှိခိုးဦးတင်လိုက်ပါ၏။
ဆရာတော်ဘုရားကြီးနှစ်ပါးအား ရှိခိုးဦးတင်လိုက်ပါ၏။
#အရှင်ဝေပုလ္လ (ဂေါတမ်ဗုဒ္ဓတက္ကသိုလ်)
ထပ်ဆင့် ပူဇော် မျှဝေပါတယ်ဘုရား
DATE:25.JAN.2018. PM.3:35
သဗ္ဗညုတဉာဏဿပစ္စယောဟောတု . . .
သဗ္ဗညုတဉာဏဿပစ္စယောဟောတု . . .