"အရွယ်ဆယ်ပါး နေဝင်တော့မည်"

"အရွယ်ဆယ်ပါး နေဝင်တော့မည်"
*****(မဟာဗောဓိမြိုင်ဆရာတော်ကြီး)
20တစ်ဝိုက် အပျော်ကြိုက်
မိတ်လိုက်ရင်းနဲ့ အချိန်ကုန်..
အလှပဆုံး 30နှုန်း
လူလုံးပြလျက် အချိန်ကုန်..
40တစ်လွှား ဓနအား
ကြွားလုံးထုတ်လျက် အချိန်ကုန်..
50တစ်ကွက် ဉာဏ်ထက်မြက်
ဉာဏ်နက်ထုတ်ရင်း အချိန်ကုန်..
60တစ်လွှား အားဆုတ်သွား
ကြုံးဝါးရင်းနဲ့ အချိန်ကုန်..
70တွင်း ခါးမတင်း
ဟင်းချရင်းနဲ့ အချိန်ကုန်..
80မှာတော့ ခါးပင်ကော့
မော့မော့ကြီးနဲ့ အချိန်ကုန်..
90တစ်ကွေ့ သတိဝေ့
မေ့မေ့ကြီးနဲ့ အချိန်ကုန်..
ထိုင်၍မကောင်း 100ညောင်း
လဲလျောင်းရင်းနဲ့ အချိန်ကုန်..
"နေဝင်တော့မည်"..
                     မဟာဗောဓိမြိုင်ဆရာတော်ကြီး
copy from>u myo

စေတနာမေတ္တာအရင်းခံဖြင့်
ကူးယူမျှဝေပူဇော်ပါသည်..
                                   Credit~Ohmarshin,December Orchid

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...