တောနက်

တောနက်
######

*  ရေ၌ ထောက်တည်မိရာ အခြေတည်၍ အတိမ်အနက်ကို တိုင်းတာ၏
*  တော၌ အထူအပါးကို အခြေတည်၍ အတိမ်အနက်ကို တိုင်းတာ၏
သည့်ပမာလျှင်  - - - တောနေရဟန်းတစ်ပါးသည် - - -

*  ခန္ဓာစဉ်ဘဝကို ရေတွက်ရာ၌ အရွယ်၏ နုပျိုခြင်း အိုမင်းမစွမ်းခြင်းကို အခြေတည်၌ပင် အတိမ်အနက်တိုင်းတာရပြီး
*  ခန္ဓာမှီ ကိလေသာကို ရေတွက်ရာ၌ကား တောပမာ အထူအပါး အခြေတည်လျက်ကသာ အတမ်အနက်တိုင်းတာရပါမည်

ထိုတွင်   တောနေရဟန်းတစ်ပါး၏ ခန္ဓာစဉ်သည် တောတွင်းဝယ် ပိုင်ရှင်မဲ့သစ်တစ်ပင်ပမာ - - -

ဥတု၏ဒဏ် ခံနေရခြင်းကြောင့် ဥတုသပ္ပါယ မမျှတတ် 
လိုအပ်သောအာဟာရ မပြည့်ဝသဖြင့် လည်း ဘောဇနသပ္ပါယလည်း မမျှတတ်
တစ်ဖန် အာဟာရများ လိုအပ်ချက် ပြည်ဝသော်မှလည်း ခန္ဓာကတောင်းနေသော ဓာတ်စာများမရတတ်

ထိုအခါ ထိုခန္ဓာ ခိုင်ခံ့သင့်သလောက် မခိုင်ခံ့တော့သည့်အပြင် ရောဂါနှင့် ဘယများကပါဝင်ဆောင့်လာကြမည်
သည့်အထဲ အရွယ်ကလည်း ကျရွယ်ကြား ဆင်းသွားကြပြန်တော့ရာ ဘဝကြော တောနက်လာချေပြီ  ဧကစာရီ၏ တစ်ယောက်တည်း တည့်အောင်ပေါင်းရေးကား အခြေမပေးတော့

*  ဓာတ်ထိမ်းသိမ်းရေး ကြားဝင်မပေး ဝိနည်းအရေး စိတ်မအေး
*  ခန္ဓာ ထိန်းသိမ်းရေး ကြားဝင်မပေး ဝိနည်းအရေး သိပ်မအေး

ဧကစာရီ နစ်ပါးတည်းနေသော အကျင့်သည် ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် တစ်ယောက်တည်း တည့်အောင်ပေါင်းပေးရသော အလုပ်ပင်ဖြစ်သည်
တစ်ယောက်တည်းတည့်မှ အများနှင့်လည်း အဟုတ်တည့်မည်

ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ်သာ ရောက်ရာအရပ် ကပ်ကနဲ ချပ်ကနဲ ထင်မိနေကြလျှင် တရားကား ရှိပြီးသား မွေးကတည်းက သေအထိ တရားကား ပြလျက် ဘာလုပ်လုပ် အချိန်ပြည့် ဖြစ် ပျက်

ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ်တို့က ထိုသို့သာ သင့်မြတ်နေပါက ကိုယ်ကကြည့် စိတ်က သိပေး တစ်ဖန်  စိတ်သိရာ ကိုယ်လိုက်ပါ ကျင့်  တူနှစ်ကိုယ် အလိုဆင့် သဘောထားတရားကား အလိုလိုပွင့်တည်း

သို့တစ်စေလည်း ထိုအခြေကား ခန္ဓာကိုယ် နုပျို  စိုပြည် နဂိုရည် ရှိနေမှသာ  အရွယ်ရင့်ကျ က် တောဝင်နက်လာပါမူကား  - - -
ဖေါက်မဟဲ့ရွယ် အရွယ်ကပင် ကိုယ့်ပြန်တွယ်နေချေပြီ   ဖြိုမဟဲ့ကြံ ကိုယ့်ကိုယ်က ကိုယ့်ပြန် တော်လှန်နေချေပြီ

*  တောထွက်ခရီး ငယ်ငယ်နှင့် ခရီးပေါက်  ပြီးမြောက်နေပါစေ
*  တောထထွက်ခရီး လွယ်လွယ်နှင့်ခရီးမပေါက် သေအထိ ထိုးဖေါက်ဖို့ စဉ်းစားလေ

၁၃၆၄ခုနှစ် နတ်တောလဆန်း ၆ ရက်
စံရိပ်ငြိမ် ကျော်တော
‌မဟာဗောဓိမြိုင်ဆရာတော်

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...