ဗုဒ္ဓတက္ကသိုလ်ကျောင်းသား


ဗုဒ္ဓတက္ကသိုလ်ကျောင်းသား

📒လမ်းလျှောက်ရင်း လမ်းပျောက်နေကြတဲ့ သူတွေကို လမ်းခင်းပေးတဲ့နေရာ ထိုနေရာ

📒ကျောသားရင်သား မခွဲခြားပဲ တသားတည်းထား ပညာတွေသင်ပေးတာ ထိုနေရာ

📒မရေရာမသေချာတာတွေကို အထောက်ထားသာဓကတွေနဲ့ သေချာအောင် မီးမောင်းထိုးပြတာ ထိုနေရာ

📒ပညာရွှေအိုး လူမခိုး ဆိုတဲ့အရာတွေကို ဘာမျှော်လင့်ခြင်းမှမပါပဲ အစဉ်အမြဲ ပေးနေတာ ထိုနေရာ

📒ကမ္ဘာမှာ တန်ဖိုးအရှိဆုံးအရာတွေကို
ဘာတန်ကြေးမှ မပေးရပဲ လက်ဆင့်ကမ်း ပေးဝေနေတာ ထိုနေရာ

📒အဲဒီနေရာမှာ တန်ဖိုးရှိတဲ့အရာတွေ ပြည့်နှပ်နေတယ် အဲဒီ ''ထိုနေရာ'' ဆိုတာ ဗုဒ္ဓတက္ကသိုလ်ဖြစ်တယ်

📒ဗုဒ္ဓတက္ကသိုလ်ရဲ့ ဆရာသမားတွေဟာ စိတ်နှလုံးထား ရိုးသားတယ် စိတ်နှလုံးသား ဖြူစင်တယ် ဘယ်လို အခကြေးငွေမှ အလိုမရှိပဲ ကမ္ဘာမှာ တန်ဖိုးအရှိဆုံး ပညာတွေကို မငြိုငြင် မထိန်ချန်ပဲ ရေဗူးမှောက်သွန် သင်ပေးနေကြသူတွေ ဖြစ်တယ်

📒ဆရာတွေရဲ့ ဂုဏ်ပုဒ်တွေကို ဖော်ထုတ်နေရရင် ကမ္ဘာပေါ်ရှိ နှိုင်းယှဉ်စရာ ဝေါဟာရတွေသာ ကုန်သော်ကုန်ရာ၏၊ ဆရာ့ကျေးဇူးဂုဏ်တွေကား မကုန်တန်ရာ။

📒ဆရာတွေရဲ့ ဂုဏ်သိက္ခာ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာတွေနဲ့ အပြိုင် အနယ်နယ်အရပ်ရပ်မှ တပည့်တွေကို ပညာအမွေတွေ လက်ဆင့်ကမ်းလို့ သာသနာပြုစေသူတွေဟာ ကမ္ဘာမှာ ရှာမှရှား ဆိုသူတွေပေါ့

📒ထိုသို့သော ဆရာသမားတွေရဲ့ ရင်မှဖြစ်သော အတွေးစတွေနဲ့ ရောယှက်စပ်နွယ်ကာ သင်ယူနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေဆိုတာ
ဗုဒ္ဓရဲ့ပိဋကတ်တော်နှင့်အညီ ဆရာတွေက နှလုံးသားထဲရောက်အောင် ပို့ချသင်ကြား ဆုံးမနေကြတဲ့အတွက် ဘယ်သောအခါမှ မဟုတ်မမှန်တာတွေကို ပြောလိမ့်မည်မဟုတ် ဆိုလိမ့်မည်မဟုတ် ပြုလိမ့်မည်မဟုတ် အဲဒါ ဗုဒ္ဓရဲ့တက္ကသိုလ်ကျောင်းသား ''ဗုဒ္ဓတက္ကသိုလ်ကျောင်းသား''တွေ ဖြစ်တယ်

အရှင်သုစိတ္တ(ဝမ်းသာ)

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...