အိုဘယ့်သူတော်


အိုဘယ့် သူတော်
ရှေးကလူတို့ ပြုလုပ်ခဲ့ကြ
မြတ်ဗုဒ္ဓ၏ ဆုံးမသြ၀ါ
ဌါကထာနှင့် ပါဠိလာသည့်
နိဿ ယျည်းတိုင်း။။
ဒါကြောင့်ရှေးကျ များသတ္တ၀ါ
အယူမှန်ငြား သစ်စကားကြောင့်
ရုပ်သွား,နာမ်သွား ပညတ်များကို
ထင်ထင်ရှားရှင်း အပြီးလင်းခဲ့။။
ယခုခါကား-
စကားသစ္စာ ဖယ်ကာရှား၍
မုသာစကား အမှန်ပြားခဲ့
အမှန်နှင့်မှား နေရာထားလွဲ
ဤခေတ်ထဲဝယ် အဘယ်နည်းဖြင့်
အဘယ်သူတော် ဘယ်လိုဖော်လည်း
ဖော်၍မရ အခတ်လှကြောင်း
ထောင်သောင်းများစွာ ဖြစ်ပေါ်လာမှ
များသူတော်စင် ရှောင်ဖယ်သွင်လော။။
သူတော်စင်များ ရှောင်ဖယ်သွားသော်
အကြောင်းရင်းမှန် သစ်လေးတန်ကို
လက်ဆင့်မည်သူ ကမ်းမည်နည်း။ ။
လက်ဆင့်ကမ်းသူ မရှိမူက
ဤမြေဘုမ္မိ ကမ္ဘာထိဝယ်
ဘာတွေဘယ်လို ကြံနေသော်လည်း
ကြံနည်းမမှန် အဘယ်ဉာဏ်ဖြင့်
နှစ်ပါးရုပ်နာမ် ဖြစ်ပျက်မှန်ကို
ထိုးထွင်း၍လည်း မသိနိုင်ဘူး။။
ထိုသို့ထိုးထွင်း မသိခြင်းကြောင့်
အရိယာခေါ် သူတော်စင်များ
တစ်စတစ်စ ရှားပါးလာလိမ့်
သူတော်စင်ရှား အဖြစ်များကြောင့်
ဤကမ္ဘာမြေ ပထဝီဝယ်
အဘယ်နည်းကောင်း ဘယ်အကြောင်းဖြင့်
ထပ်လောင်းပေါင်းသင် ရှင်းလင်းမည်လော ။ ။

အရှင်သုစိတ္တ(၀မ်းသာ)

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...