" မိလ္လာကြုံးလျက် ဘဝရုံးနိုင်လား "
*လောကဓံတစ်ခုကို ကျော်လွန်ရာ၌ အကောင်းမြင်ဖြင့် ကျော်လွန်လျှင် အပြစ်ကင်းတတ်၏ ။
*ဘဝတစ်ခုကို တည်ဆောက်ရာ၌ အဆိုးမြင်ဖြင့်တည်ဆောက်နိုင်လျှင် အမြတ်ထွက်တတ်၏ ။
ဤအတွေးကား အရှင်ဉေယျ ရဟန်းဘဝမှ လူ့ ဘဝသို့ ကူးပြောင်းကြံစည်ရာမှ ပေါက်ဖွားလာသော သတ္တိအားမွေး အတွေး ဖြစ်၏ ။
လူ့ဘဝဆိုသည်မှာ ကြက်ဘဝသာသာမျိုး ဆိုတာပြေးမြင်ထားရ၏
ကြက်မသည် ဝမ်းစာအတွက် အိပ်တန်းဆင်းမှ အိပ်တန်းတက်အတွင်း မြေကို ယက်လျက် အသက်ဆက်ရ ။
လူ့ဘဝသည်လည်း ကြိုးစားလုပ်မှ ဝမ်းဝမည်သာဖြစ် ။
ဝမ်းပိုအလှ ဝလင်အောင်ကျွေးလိုသော်ကြက်ထက် အိပ်တန်းစောစီးဆင်း၊ကြက်ထက် နောက်ကျအိပ်တန်းတက်ပေးရ ။
လူ့ဘဝသည် ကြက်ကဲ့သို့ အသားဖြင့် လုပ်မကျွေးရသော်မှ အားဖြင့် သူတပါးအမှု အလုပ်အကျွေးပြုရမည်သာဖြစ်ရ၏ ။
ထိုဘဝမျိုးမင်းတိုးရဲသလား?မိမိကိုယ်ကို မိမိအကြိမ်ကြိမ် မေး တိုးရဲသည်ဆိုမှ စိတ်ချ ရ၏ ။
တိုးရဲသည်ထား ဘာအလုပ်မှမရ မိလ္လာကြုံးဘဝ မင်းလုပ်နိုင်လား?အဖန်ဖန်မေး လုပ်နိုင်မှ စိတ်ချရ ၏။
နင်ရသည့်လူ့ဘဝ ရဟန်းဘဝကဲ့သို့ ကောင်းမွန်မည် အထက်တန်းစားအဖြစ်ဖူးမြော်ခံရမည်မဟုတ် လူ့အသိုင်အဝန်းထဲ အနုပ်စုပ်အဆင့် ဝင်ရမည်သာ နင်ကား အများပြုသမျှ နုနိုင်မည်လော ?....
အရှင်ဉေယျ မိမိရဲ့ မာန်မာန လက်ချက် နေစဉ် ရက်ဆက် မျက်ရည်ကျရင်း လူမထွက်မီ ဘဝခံစားချက် မှတ်တမ်း ရေးလိုက်မိတော့၏ ။
ရတက်ပွေသမျှ ခက်လေစွာ့
တက်ခြေမာန လက်ချက်ပင်
မျက်ရည်လွှာက သွက်သွက်ရွှင်သည်
ရက်ဆက်ပင် ပူပွဲ
တက်တက်စင် အယူလွဲဘို့ 
အော်..လူထဲသို့  မြှူ ဆွဲငှင်သည်
ဖြူ မဲအဆင် တ,မှန်း
သူရဲအသွင် ကြွလှမ်းမဗျာ့
ရဟန်းဘဝနှင့် လမ်းစမသီလိုပြီ
ထမ်းရမသတီ ကျေမချမ်း
ရွှေနန်းလျှင် ပြေမတမ်းချင်ဘု
သေခမ်းပင် ဖြတ်လိုက်ချင်
မိုက်စတပြင်ပြင်
တိုက်စနှင့် ခိုက်စထွင်မည်
အကြိုက်ဘဝတွင် ပျော်ဦးမကွဲ့ လေး...လေး...။
မဟာဗောဓိမြိုင်ဆရာတော်
သာသနာပြု မဟာခရီးသည်မှ .....