ပြုန်းတီး
^~^~^
* မျိုး သုဉ်း၍ လူချည်း လုံးတီးဖြစ်သွားတော့ခြင်း
* အသုံးဖြုန်း၍ ဘဝချည်း လုံးတီးဖြစ်သွားတော့ခြင်း
* တော ပြုန်း၍ ကုန်းချည်း လုံးတီးဖြစ်သွားတော့ခြင်း
ထိုအားလုံး
အပျက်ပြုန်း တုံးခြင်း သုဉ်းခြင်းကြီးကျ လုံးတီးဘဝရောက်ကြရ ရကြရခြင်း၏ သင်္ကေတများချည်းပင်
ထို့ထက်ပြုန်းတီးခြင်းကား စိတ် အသုန်းအဖြုန်းရာမှ အာရုံစုံ ကုန်းကြီး၏ အကြား ကိုယ်လုံးတီး ဖြစ်သွားကြခြင်းပင်
အလေ့ကျစိတ်သည် အာရုံတို့ဆိတ်သလောက် သူမအိပ် ကိုယ်ရည်ဖြည့် သွေးသည် စိတ်ကစားသလောက် သူသွားရောက်ပေးနေရ၏
သွေးသို ကိုယ်သည်လည်း သွေးခန်းသမျှ ပန်းကျ ပြနေ၏
သို့ဖြစ်ရာ လူတို့၏ တစ်နေ့တာ ကာလသည် - - -
** ကာမညို့ အလိုထိ စိတ်ရောကိုယ် ဟိုလှည့် သည်လှည့်ဖြင့် အချိန်ကုန်ကြရ၏
** အာရုံမျှောင် ဘဝပေါင်နှံလျက်က တောင်ကြံ မြောက်ကြံ ကြံပေးနေကြရ၏
** အာရံအညိှု့ သူ့ထံ ဘဝပို့လျက်က သူ့အဖျက် လက်ဆက်ခံနေကြ၏
ကာမလျှို လိုစိတ်ကား … လူချင်းချိတ် စိတ်ချင်းတွဲ အကဲစမ်းမြဲစမ်း ဖမ်းမြဲဖမ်း အရမ်းထဲ လမ်းလွှဲတန်းပေးနေချေရာ …
* အရောင်ပြ အရထင် တွဲပွဲဝင်ပြီးသည်နှင့် ဘာမျှအရာမထင်
* အမျှောင်ကျ အရထင် လဲပွဲဝင်ပြီးသည်နှင့် ဘာမျှ အဖတ်မတင်
သို့ဖြင့်ပင် စိတ်သုံးတိုင်း သွေးပြုန်းသွားတော့ကာ ဘဝလည်းအညွှန့်တုံး လူလုံးလည်း ချုံးချုံးကျ လုံးတည်းဘဝ ရောက်ကြရတော့သည်သာ
*. တစ်ဘဝလာလည်း ဆုံးသည်နှင့် အစကပြန် ရှေ့ဆက်တက်ရန်မရှိ
* ဘဝသာ အလာများ သွားလမ်းကား မဆုံး လားခန်းလည်း အညွှန့်မတုံး
ယင်းသည် အပျက်ကြောင့်ပြုန်း လုံးတီးကျန်တို့၏ ထုံးပင်ဖြစ်ရာ ဘဝပြုန်းတီး လုံးတီးမပြန်လိုသူများ သွေးဆူ လူစိုတုန်း စိတ်ကို မိမိက အသုံးချရန် လုံးပန်းပေးဖို့သာ
၁၃၆၆ခုနှစ် ကဆုန်လဆန်း ၉ ရက်
ခေါင်နန်းပလ္လင် မဟာမြိုင်
မဟာဗောဓိမြိုင်ဆရာတော်