" ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့် အေးမြခြင်းသည်ကား

" ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့် အေးမြခြင်းသည်ကား
  •••••••••••••••••••••••••••••••••••••••••••••••••••••••
  အကြွင်းမဲ့ အနှိုင်းမဲ့ "
  ••••••••••••••••••

   ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တွေကို
   ကုန်အောင် မပြောနိုင်ပါဘူး...

   အနန္တဂုဏ်ရည်ကို
   ယုံကြည်ရင် ယုံကြည်သလောက်
   မိမိမှာလည်း အနန္တပင် တည်နေပါတယ်...

   မိုးပေါ်က လမင်းကြီးဟာ
   သူ့ချည်းသက်သက် အေးမြနေတာမဟုတ်ပါဘူး...
   လရောင်အောက် ခိုဝင်လာသူ ဘယ်သူ့ကိုမဆို 
   လောကသုံးပါးလုံးကို
   အကြွင်းမဲ့ အေးမြစေပါတယ်...

   စမ်းချောင်းကလေးဟာလည်း
   သူ့ချည်းသက်သက် အေးမြနေတာမဟုတ်ပါဘူး...
   သူ့ဆီရောက်လာတဲ့သူမှန်သမျှ
   အေးမြစေပါတယ်...

   ဆောင်းနှင်းကလေးတွေလည်း ဒီလိုပါပဲ...
   ထိတွေ့သူမှန်သမျှ
   လောကသုံးပါးကို
   အကြွင်းမဲ့ အေးမြစေပါတယ်...

   ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့်
   အေးမြရခြင်းသည်ကား
   အကြွင်းမဲ့ အနှိုင်းမဲ့ပါ...။  ။

         🙏🙏🙏 ကျေးဇူးတော်ရှင် 🙏🙏🙏
           မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Credit >>> နှလုံးသားအာဟာရ page...

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...