**ငါသည်​ အဓိက ငါသည်​သာတရားခံ**

**ငါသည်​ အဓိက ငါသည်​သာတရားခံ**
~^~^~^~^~^~^~^~^~^~^~^~^~^~^
အမြင်​မှားယွင်းမှု မိစ္ဆာဒိဋ္ဌိသည်​ ၆၂ ပါးပင်​ များပြား​နေ
ပါ​သော်​လည်း လက်​သည်​ကား ငါတစ်​လုံးတည်းသာ
ဖြစ်​ရကား...
ဤ၌ အတ္တဒိဋ္ဌိ (ငါ့ကိုယ်​ ငါ့ဟာ ငါ့ဥစ္စာ)ကိုသာ အ​ခြေ
တည်​၍ ပြဆိုပါအံ့။
လောက၌ ငါတစ်​လုံး အသုံးမှားသဖြင့်​ လုံးပါးပါး​နေကြ
လေရာ ငါဟူ​သော အစွဲအမူ အယူအဆသည်​ အမှား
ကြီးလျှ င်​ အမှန်​ထင်​မြဲအတိုင်းပင်​ လူသားတိုင်း၏
အသိစိတ်​ဝယ်​ တစ်​ယူသန်​သန်​ တွင်​ကျ ယ်​လျ က်​က
ရှိ​ချေ ၏။
ယင်း ငါစွဲသည်​ အရာရာတိုင်းအ​ပေါ်ဝယ်​ ပဲခူး
ဆားသဖွယ်​ဖြစ်​၏ ကိစ္စတစ်​ခု​ပေါ်​လေတိုင်း ငါမပါမပြီးစီးပြီ။
ဧည့်​သည်​ရင်းနှီးလွန်းက အိမ်​ရှင်​ဟူ၍ပင်​ ထင်​ရတတ်​၏
ငါမပါ စကား​ပြောရာမှာပင်​ ဟာတာတာမဟုတ်​​လော။
ဤမှာဘက်​ဝယ်​ ငါဟူ​သော အစွဲအယူ ရှိ​နေ​ချေ​သော်​...
ဟိုမှာဘက်​၌ တန်​ပြန်​ဖြစ်​​သော သူ့အစွဲလည်း အလိုလို
ပေါ်လှာမည်​သာ။
သို့မဟုတ်​...ငါကခွဲထုတ်​လိုက်​​သော ငါနှစ်​ကိုယ်​ခွဲတည်း
ဤဘက်​က​နေကြည့်​က ငါသည်​ ငါပင်​မဟုတ်​​လော။
ဟိုဘက်​က​နေကြည့်​ပြန်​က သူသည်​လည်း ငါပင်​မ
ဟုတ်​​လော။
သို့မဟုတ်​...
ငါက ငါစွဲဘိသို့ သူကလည်း ငါစွဲပင်​ စွဲမည်​သာ။
                     

                 မဟာ​ဗောဓိမြို င်​ဆရာ​တော်

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...