❄နာမ်တရားကို လေ့လာသုံးသပ်ခြင်း❄
💫💫💫💫💫💫💫💫💫💫💫
စိတ်ဖြစ်ပေါ်ပုံ
➖➖➖➖
▶စိတ်ဖြစ်ပုံကို လေ့လာမယ်ဆိုရင် အရင်ဆုံး
ဝတ္ထုရုပ် ၆ - ပါးအာရုံ ၆ - ပါးဆိုတာကို မှတ်ထား
ရပါမယ် ။
တံခါး ၆ - ပေါက်ဆိုတာကို မှတ်ထားရမယ်
အဲ့ဒီ တံခါး ၆ - ပါးနဲ့ အခြေခံ ဒီဝတ္ထုရုပ် ၆ - မျိုး
ဆိုတာတူတယ် ။ ရှေ့ ၅ - ခုက လုံးဝတူတယ်။
▶နောက်ဆုံးတစ်ခုက ခုနက " ဟဒယ " ဆိုတာနဲ့
mind door #မနောဒွါရ ဆိုတာကျတော့
ကွဲပြားခြားနားမှု ရှိတယ်။
ထို မနောဒွါရ ဆိုတာက နာမ်တရား ၊ ဟဒယဝတ္ထု
ဆိုတာကရုပ်တရား ၊ အဲ့ဒီနေရာလေးမှာ နာမ်တရား
ပါလာတယ် ၊ အဲ့ဒါလည်းသိပ်ပြီးတော့ သတိချပ်စရာ
ကောင်းတဲ့ အချက်တစ်ခုပဲ ။
🔼နာမ်တရားပေါ်လာဖို့အတွက် နာမ်နာမ်ချင်း
အခြေပြုတယ်ဆိုတဲ့သဘောပေါ်လွင်နေတယ် ။
မြင်သိစိတ်ဖြစ်ပုံ
➖➖➖➖
🔹သုတ္တန်ပါဠိတော်တွေမှာ မြတ်စွာဘုရားက
မြင်သိစိတ်ကလေးပေါ်လာပုံကို ဟောတယ် ။
စက္ခုံစ__ပဋိစ္စ__ရူပေ__စ__ဥပ္ပဇ္ဇတိ__စက္ခုဝိညာဏံ
#ဘိက္ခဝေ - ချစ်သားရဟန်းတို့
#စက္ခုံစ - မျက်စိကိုလည်းကောင်း
#ရူပေစ - အဆင်းအာရုံကိုလည်းကောင်း
#ပဋိစ္စ - စွဲမှီ၍
#စက္ခုဝိညာဏံ - မြင်သိစိတ် ကလေးသည်တဲ့
#ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၍ လာရပါပေတော့၏ ... လို့
သုတ္တန်ပါဠိတော်မှာ ဟောတာ ။
🔜 ဒါလက်တွေ့နဲ့ စဉ်းစားကြည့်ပေါ့ ၊ မြင်သိစိတ်ကလေး
ဟာမျက်စိမရှိပဲ ပေါ်နိုင်ပါ့မလား ၊
မပေါ်နိုင်ဘူး ။
🔹မျက်စိနဲ့ ရူပါရုံ ၂ - ခု ဆုံမိတဲ့ အခါမှာ
မြင်သိစိတ်ကလေးပေါ်လာတယ် ၊ မြင်လို့ ငါဘယ်သူ့
မြင်လိုက်တယ် ၊ သစ်ပင်မြင်တယ် ၊ မီးရောင်မြင်တယ်
စသည်ဖြင့် မြင်မှုတွေကို အမျိုးမျိုးနာမည်တပ်ပြီး
ပြောကြတာ ။
ဒါကြောင့်မို့ စက္ခုပသာဒဆိုတဲ့ စက္ခုဝတ္ထုဆိုတာရယ် ၊
ရူပါဝတ္ထုဆိုတာရယ် ဒီ ၂ - ခု ဆုံလိုက်တဲ့ အချိန်က
လေးမှာ မြင်သိစိတ်ကလေး ပေါ်တဲ့သဘော ၊
🔹စည်ကိုလက်နဲ့ တီးလိုက်တဲ့အခါမှာအသံလေး
ပေါ်လာတဲ့သဘော ၊ စောင်းလေးကို လက်ညှိုးလေး
တင်ပြီး လက်ချောင်းလေးတွေနဲ့ တီးခတ်လိုက်တဲ့အခါ
အသံပေါ်လာတဲ့သဘော ၊
🔸ဝတ္ထုအာရုံနဲ့ ဆုံဆည်းလိုက်တဲ့အခါမှာ
တိုက်ခိုက်လိုက်တဲ့ စွမ်းအားကြောင့် ဟောဒီအသိစိတ်
ကလေးဖြစ်ပြီးပေါ်လာတာ ၊ နာမ်တရားတွေပေါ်လာတာ
ဒီအတိုင်းပဲ ။
ကြားသိစိတ်ဖြစ်ပုံ
➖➖➖➖
ထို့အတူပဲ
🔼သောတဉ္စ__ပဋိစ္စ__သဒ္ဒေ__စ__ဥပ္ပဇ္ဇတိ__
သောတဝိညာဏံ။
ကြားသိစိတ်ကလေးဟာလည်း ဒီအတိုင်းပဲတဲ့ ။
သောတပသဒရုပ်လို့ဆိုတဲ့ အခြေခံဝတ္ထုရုပ်ရယ် ၊
ပသာဒရုပ်ဆိုတဲ့ အသံရုပ်ရယ် ၊ အဲဒီ ၂ - ခု ထိခိုက်တဲ့
အခါကျတော့ ၊ ထိခိုက်တာလည်းအလွန် မြည်တယ်နော် ၊
ကောင်းကင်မှာ အပူနဲ့ အအေးတို့တိုက်ခိုက်ပြီးတော့
အသံကြီးတွေဟာ အောက်ကတီးတဲ့ အသံထက်တောင်
ပြင်းထန်သေးတယ် ။
မိုးကြိုးများပစ်လိုက်ရင် ပိုဆိုးသေးတယ် ။
အဲဒီတော့ နားထဲမှာ အသံနဲ့ ခုနက သောတပသာဒနဲ့
တိုက်လိုက်တဲ့အခါ အသံသိတဲ့ စိတ်ကလေးပေါ်
လာတာ ။ ဒါလည်းနားထဲက ထွက်လာတာမဟုတ်ဘူးတဲ့ ၊
သိတဲ့စိတ်ကလေးဟာအကြောင်းကြောင့် ပေါ်လာတယ် ။
🔜ပိုရှင်းအောင် မီးခြစ်ဗူးကလေးကိုပဲ စဉ်းစား ၊
ဂက် (စ် ) မီးခြစ်ဘူးလေးကိုကြည့်လေ ၊ မီး ရှိနေလို့ရှိရင်
ပူမှာပေါ့ ၊ လောင်မှာပေါ့မီး မရှိဘူးဆိုတာ သေချာတယ်
၊ မရှိဘူးဆိုတာ လက်တွေ့ပြလို့ရတယ် ။
အိပ်ထောင်ထဲ ထည့်သွား ၊ အကယ်၍ မီးရှိတယ်ဆိုရင်
ဘယ်ခံနိုင်မလဲ ၊ လောင်သွားမှာပေါ့ ။
မရှိဘူးဆိုတာ သေချာတယ် ၊ သို့သော် အကြောင်းတစ်ခု
ထပ်ပြီးတော့ ထည့်လိုက်တယ် ၊ ဒါက လူက ဖိခြစ်
လိုက်တယ် ၊ ဟော မီးပူလာတယ် ။
အဲဒီသဘောပဲ မှတ်ထားကြ ။
နံသိ_လျက်သိ_ထိသိစိတ်ဖြစ်ပုံ
➖➖➖➖➖➖➖
🔜ထို့အတူပဲ - နံသိစိတ်ကလည်းပဲ
နှာခေါင်းနဲ့ အနံ့ ဆုံမိတဲ့အခါမှာ ပေါ်လာတယ် ။
လျက်သိစိတ်က ပိုပြီး သိသာတာပေါ့ ၊ဒါကြောင့်မို့
ဟင်းချက်ပြီးတဲ့အခါမှာ မြည်းရမှာ မဟုတ်လား ၊
မမြည်းရင် ချိုတယ် ငန်တယ် မသိဘူး ၊ တစ်ခါတစ်လေ
သရက်သီးမှည့်ကလေး ခွဲထားတဲ့အခါကျတော့
မျက်စိကကြည့်တော့ ချိုတယ်လို့ သညာက
ထင်မှတ်ထားတာ ။
သွားစားတော့ အမလေးချဉ်လိုက်တာ မပြောနဲ့တော့ ၊
တကယ်အဆုံးအဖြတ်ပေးနိုင်တာကတော့ လျှာပေါ်
ရောက်မှ သိသွားတာမဟုတ်လား ။
ချိုတယ်ထင်လို့စားတာ ချဉ်တာတွေ့ခြင်တွေ့မယ် ၊
ချဉ်တယ်ထင်တာ ၊ ချိုတာ တွေ့ကောင်းတွေ့မယ် ၊
ပေါ့တယ်လို့ထင်တာငန်ချင်လည်းငန်နေလိမ့်မယ် ၊
အားလုံးဟာလျှာကျမှသိတာချည်းပဲ မဟုတ်လား ၊
ဒါကြောင့် မြတ်စွာဘုရားက -
🔯ဇိဝဉ္စ__ပဋိစ္စ__ရသေ__စ__ဇိဝှာဝိညာဏံ တဲ့
ဇိဝှာပသာဒရယ် ရသရုံရယ် ပေါင်းစပ်လို့ အရသာ
သိတဲ့ အသိစိတ်ကလေး ပေါ်လာတာပါတဲ့ ။
🔜ထို့ အတူပဲ
ကာဟပသာဒနဲ့ ဖောဋ္ဌဗ္ဗာအာရုံ ဒီနှစ်ခု ဆုံမိသွားတဲ့
အခါကျတော့ ထိသိစိတ်ကလေးပေါ်လာတာပါတဲ့ ။
အတွေးစိတ်ဖြစ်ပုံ
➖➖➖➖
နောက်တစ်ခါ -
အတွေးအာရုံတွေ ကျန်တဲ့အာရုံတွေကျတော့
ဘဝင်စိတ်ကလေးကို သွားတိုက်တာ ၊ အဲ့ဒါကျတော့
ကြည့်ရမှာက ၊ နာမ် - နာမ်ချင်း တိုက်တာလည်းပါမယ် ။
ဘာဖြစ်လို့လည်း
အာရုံက နာမ်ဆိုလို့ရှိရင် ဘဝင်စိတ်ကလေးကလည်း
နာမ် ပဲ ၊ နာမ် - နာမ်ချင်းတိုက်ပြီးတော့ အသိစိတ်ကလေးပေါ်တယ် ။
အဲ့ဒါကျတော့ #မနောဝိညာဏံ ဆိုတဲ့ အစွမ်းထက်တဲ
့စိတ်တွေ ပေါ်လာတယ် ၊ ဘဝင်သိတ်ကလေးနဲ့ ဓမ္မာရုံနဲ့
ဒီ နှစ်ခုပေါင်းစပ်ပြီး တိုက်ခိုက်မိလိုက်တဲ့ အခါကျတော့
တခြားအသိစိတ်တွေ ပေါ်လာတယ် ။
ကုသိုလ်စိတ်တွေပေါ်မယ် အကုသိုလ်စိတ်တွေပေါ်မယ်။
အစွမ်းထက်တဲ့စိတ်တွေ အဲဒီမှာ အတွေးစိတ်တွေ
ပေါ်တယ် ။
♥ဘဝင်စိတ်နဲ့ဓမ္မာရုံ
➖➖➖➖➖
#မနဉ္စ__ပဋိစ္စ__ဓမ္မေ__စ__
ဒီနေရာမှာ #ဟဒယဉ္စ__ပဋိစ္စ__ဓမ္မေ__စ လို့
ဘုရားက မဟောတာစဉ်းစားကြည့်ပေါ့ ။
ကျန်တဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ base
တွေက ရုပ်တရားတွေဖြစ်လျက်သားနဲ့
ဒီ ၆ - ခု မြောက် ရောက်တဲ့အခါကျတော့ -
#မနဉ္စ__ပဋိစ္စ__ဓမ္မေ_စလို့ ဟောပြီး
#ဟဒယဉ္စ__ပဋိစ္စ လို့ မဟောဘူး ။
♥ဟဒယဝတ္ထုသက်သက်နဲ့ မပေါ်နိုင်ဘူးတဲ့ ၊
အဲဒီတော့ အခြေခံ ဘဝင်စိတ်နဲ့ ၊ ဘဝင်စိတ်က
ဒီနေရာ Mind door ပဲ ။
♥အဲဒီက ဖြတ်သန်းရတာဖြစ်တယ်လို့ ဘဝင်စိတ်
ကလေးနဲ့ ဓမ္မာရုံ နဲ့ပေါင်းစပ်တွဲမိလိုက်တဲ့ အခါ
ကျတော့ #မနောဝိညာဏ်စိတ်ဆိုတဲ့ အစွမ်းထက်တဲ့
စိတ်တွေ ပေါ်လာတယ်လို့ ဒီလိုဟောတယ် ။
.
.
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ( Ph . D )
အဘိဓမ္မာမြတ်ဒေသနာ ( ပထမတွဲ )
2018 . 1 . 7
⏪သာယာချမ်းမြေ့ကြပါစေ⏩
🌟သစ္စာနီ🌟
CRD ..Min Soe