**ဖြစ်ချ င်ရာဖြစ် သတိမလစ် အဆစ်ရမှာ
သေချာ၏**
တရားသမားတွင်....
ခန္ဓာတွင် ဉာဏ်နှင့်ဉာဉ် တရားခွင် ရင်ဆိုင်နေရမြဲ။
သို့တရားခွင် သူဝင် ကိုယ်ဝင် ယှဉ်ပြို င်နေဆဲ...
ရံတစ်ခါ ရှု၍ကောင်း၏၊ရံတစ်ခါ မကောင်း၊ရံတစ်ခါ
အာရုံမိ၏။ရံတစ်ခါ မမိ။
သို့ဖြင့် ဝိပဿ နာဉာဏ် အဆင့်ဆင့် ရွက်လွှင့်တက်
လာရာတွင်...
အချို့ နေရာ၌ ဖြစ်ပျ က်မြင်၏။အချို့ နေရာမမြင်။
အချို့ နေရာ၌ ရှု၍ ကောင်း၏၊အချို့ နေရာမကောင်း။
သို့ ...သောင်းပြောင်းထွေလာ ရှိချေ ရာတွင် ...သတိ၊
အသိ မျ က်စိနှစ်လုံးဖွင့်၍ အသင့်ရှုကြည့်နေသော
သင်...ပွဲခင်းထဲသွား ပြသမျှ မလွတ်တမ်း ကြည့်သော
ပွဲကြို က်သမားပမာ...ခန္ဓာက ပြသမျှ ကျ န ကုန်စင်
တစ်စ မကျ န် မြင်အောင် ကြည့်ပေးလေ။
သင့်တာဝန်ကား ကြည့် သိရုံမျှ ဖြစ်၏။
*ကောင်းသည်ကို ဆိုးအောင် ပြင်မပေးနှင့်။
*ဆိုးသည်ကိုလည်း ကောင်းအောင် မဖန်တီးနှင့်။
တရားသည် တရားသည်ဖြစ်ရာ...သင့်အကြို က်
အလိုလိုက်လိမ့်မည်မဟုတ်။အကယ်တိတိ သညာ
ဖြင့် မကြည့်၊ပညာဖြင့်ကြည့်သော လူကြီးပွဲကြည့်
ပမာ ...ဇာတ်ကောင်ကြည့်ရင်း ဇာတ်လမ်းပါ သိ သိ
လာသောအခါ ဇာတ်ရည်ပါ လည်လာပါအံ့။ထိုအခါ
ဗျောခေါက်၍ ပွဲအသိမ်း ဇာတ်ကွက်လည်း သိမ်း
ပြီးသား။
*တရားအလုပ်သည် သတိဖြင့်ရှုကြည့်ခြင်း ဆို
သည်ကို အသေမှတ်။
*တရားအလုပ်သည် အတွေးမြှု ပ်ပစ်နေခြင်း ဆို
သည်ကို အသေမှတ်။
အတွေးနောက် ပညတ်နှင့် ကိလေသာစုံ အကုန်ပါ၏။
သတိနောက် ပရမတ်နှင့် ဓမ္မအစုံ အကုန်ပါ၏။
အနန္တကျေးဇူးတော်ရှင်
မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး
၁၃၇၄ -ခု၊ဝါခေါင်လစေ့နေ့
°°ဤကျ မ်းစာတွင် အဓိပ္ပာယ်လွဲမှားစေသော
ပိုလျှံနေသော၊လိုအပ်နေသော စာလုံးမ် ား၊သတ္ပုံ
မ် ား ရွိခဲ့ပါက က်ေနာ္စာစီမွ် ဝေသူ၏ အမှားများသာ
ဖြစ်ပါသည်။