မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး အရှင်ဥေယျဓမ္မ
==============================
သာမိ ဗန်းမောက်မြို့နယ်အတွင်း ပြောင်းရွှေ့သီတင်းသုံး
==============================
ရဟန္တာဟု သမုတ်ခြင်းခံရသော မဟာဗောဓိမြိုင် ဆရာ
တော်အနေဖြင့်ယခင်နှစ်ကသီတင်းသုံးကျင့်ကြံခဲ့သော
ဥေယျဓမ် တောရကျောင်း မလယ်လမ်းဆုံအနီး၊ မင်းဝံ တောင်ထိပ်မှ ယခုအခါ ကသာခရိုင် ဗန်းမောက်မြို့နယ်
မှ ၁၆မိုင်အကွာရှိ တာကျဲရွာတွင် သီတင်းသုံး ကျင့်ကြံ
နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ယခုရက်ပိုင်းအတွင်း မဟာဗောဓိမြိုင် ဆရာတော်အား ရန်ကုန်မြို့မှ သွားရောက်ဖူးမျှော်ခဲ့သူ ကိုတင်စောသန်း
အား ဆက်သွယ်မေးမြန်းခဲ့ရာ ''ဗန်းမောက်ကနေချောင်း
ဆုံ သာယာကုန်း မံပင် နမ့်ပုံ ရွှေနှစ် ကနေ တာကျဲရွာ
မှာ သွားဖူးခဲ့တာပါ။ မိုင်တိုင်ရေးထားတာတော့ ၅၆ မိုင် တွေ့တယ်။ ဗန်းမောက်ကနေ တာကျဲရွာအထိ ၂ နာရီ
လောက်မောင်းရတယ်။ မှောင်လည်းမှောင် ချောင်းကူး
လေးတွေ ၆ နေရာလောက်ရှိတယ်။ အယ်လ်ဖတ်ကား
က နိမ့်တော့ဖြတ်ရခက်တယ်။ စိတ်ပူပြီး သေချာတောင်
မမှတ်နိုင်တော့ဘူး။ ဆရာတော် လက်ရှိ သီတင်းသုံးတဲ့
ကျောင်းနေရာတော့ မဝင်ဖူးရဘူး။ နံက် ၉ နာရီ ဆွမ်း
အလှူခံပြီး ပြန်ကြွသွားပါတယ်။ ကန်တော့ရင် ဆရာ
တော် ရပ်နေရလို့ အချိန်လင့်မှာစိုးလို့ ကန်တော့ခွင့်မပြု
ဘဲ ပြန်ကြွတော့မှ ဖူးရတယ်။ အချို့တော့ နားမထောင်
ကြပါဘူး။'' ဟု ပြောပြခဲ့သည်၊
မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး၏ ဘဝဖြစ်စဉ်
=============================
အကျဉ်း
=====
ဆရာတော်ကို သာသနာတော်နှစ် ၂၄၈၅ ခုနှစ်မြောက် ကောဇာသက္ကရာဇ် ၁၃၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ ညဥ့် ၁နာရီ တနင်္လာမှအကူး အင်္ဂါအဦး အချိန်တွင် မြန်မာပြည်
အထက်ပိုင်းစစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်
သောက္ကံကျေးရွာအုပ်စု အပါအဝင် မင်းကုန်းကျေးရွာတွင်
နေထိုင်ကြသော ဦးဘစံ ဒေါ်မေတို့မှဖွားမြင်ခဲ့ပါသည်။
သားသမီးငါးယောက်အနက် အငယ်ဆုံးအတိဇာတသား
လှရတနာဖြစ်သည်။ နာမည်မှည့်သည့် အခါတွင် မောင် ညိမ်းမောင်ဟု မိဘများက မှည့်ခေါ်ခဲ့သည်။
ဆရာတော်လောင်းလျာကို ပဋိသန္ဓေတည်သည့် ညက
မယ်တော်ကြီးဒေါ်မေ အိမ်မက်မြင်မက်ခဲ့သည်။ ပိတ်ဖြူ စင်ကြယ်ဝတ်ဆင်ထားသော သူတော်ကြီးတစ်ယောက်
အိမ်သို့ ရောက်လာပြီး သူထမ်းယူလာသော အရိုးအိုး
(ဘုန်းကြီးပျံပွဲတွင် မီးသဂြိုလ်ပြီး လက်ကျန်အရိုးများ
ထည့်ထားသည့်အိုး) ကို လာရောက်ပေးအပ်ရာ မယ်
တော်ကြီးဒေါ်မေသည် ဘုမသိဘမသိဖြစ်နေသည့်ကြား
မှ ဟုတ်ကဲ့ - ဟုတ်ကဲ့ ဆိုကာအမြတ်တနိုး ယူထားလိုက်
မိလေသည်။
ထိုအိပ်မက် မက်သည့်အချိန်ကား ဆရာတော်ကို ပဋိ
သန္ဓေတည်ချိန် ဖြစ်လေတော့သည်။
ဆရာတော်သည် အတိတ်ဘဝကပင် ရဟန်း ဖြစ်ခဲ့ရပြီး
ပျံလွန်တော်မူသောအခါတွင် အစွဲဥပါဒါန်ကြောင့် ဦးဘစံ ဒေါ်မေတို့၏သားဖြစ်ခဲ့ရ၏။ ယင်းတို့ကား ဒေါ်မေ၏ပြောပြချက်နှင့် ဆရာတော်လောင်းလျာ ကလေးဘဝပြောတတ်ခါစတွင် ပြန်ပြောပြချက်များက အတိတ်နှင့် ပစ္စုပ္ပန် စွဲချက်သန်ပုံ ဥပါဒါန်များ ထင်းရှားကြောင်း သိရခြင်းဖြစ်ပါသည်။
ဆရာတော်လောင်းလျာသည် အတိတ်ဘဝကလည်း
ဤမင်းကုန်းရွာ၌ပင် လူ့ဘဝကို ရောက်ခဲ့ရလေသည်။
အတိတ်ဘဝက ကန့်ဘလူမြို့နယ် မင်းကုန်းကျေးရွာ
နေ ဦးဖိုးရှိန် ဒေါ်ဖက်ဖူး တို့တွင် သားသမီးငါးယောက်
ထွန်းကားခဲ့သည်။
ဦးချမ်းငြိမ်း ဒေါ်သိန်းခင် ဦးဘစံ ဦးဘမောင် ဦးဉာဏ်ကျော် တို့ဖြစ်ကြသည်။ ထိုငါးယောက်တို့တွင် အငယ်ဆုံး မောင်ဉာဏ်ကျော်သည် အချိန်တန်အရွယ်ရောက်
လေလျှင် ရှင်သာမဏေဝတ်လေ၏။
အသက်နှစ်ဆယ်ပြည့်သောအခါတွင် ရဟန်းအဖြစ်သို့
ခံယူခဲ့သည်။ ဘွဲ့အမည်မှာ အရှင်ဥေယျဖြစ်သည်။ ရှင်
ရဟန်းဘဝဖြင့် ပရိယတ္တိစာပေများ သင်ကြားသည့်
ကြားမှပင် ပဋိပတ္တိလုပ်ငန်းစဉ်များလည်း ဆောင်ရွက်
ခဲ့လေသည်။
အရှင်ဥေယျသည် မင်းကုန်းရွာ တောရကျောင်းတွင်
သီတင်းသုံးနေထိုင်စဉ် ရဟန်းဝါ တစ်ဝါတွင် ကျောက်
ရောဂါဖြင့် ပျံလွန်တော်မူခဲ့ရလေသည်။
အရှင်ဥေယျ ကျောက်ရောဂါဖြင့် ပျံလွန်တော်မူရာတွင်
ဘဝစုတိစိတ်ကို ဓမ္မဖြင့်မပိတ်နိုင်ဘဲ ဥပါဒါန်စိတ်ဖြင့်
တတိယအကိုကြီးဖြစ်သူ ဦးဘစံကို ချစ်ခင်စွဲလန်းခြင်း
ကြောင့် ဦးဘစံ ဒေါ်မေတို့ထံတွင်
ပဋိသန္ဓေနေခဲ့ရသည်။
ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်သည် ရဟန်းဖြစ်စ တစ်ဝါရပြီးသည့်ကာလမှစ၍ နှစ်ပေါင်းသုံးဆယ်ကျော်
တိုင် မြန်မာပြည် အရပ်ရပ်တို့၌ တစ်ပါးတည်း တောရပ်
မှီလျက် ဧကစာရီ အကျင့်ကို ဇွဲသန်သန် ဒုက္ခခံလျက်
က ကြောင်းရင်း ကျိုးဆက် ကျေးဇူး ချိတ်ဆက်ခဲ့ဖူး
သော တပည့် ဒါယကာ/ ဒါယိကာမ သာဝကတို့အား
သာသနာပြုခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ
ဖြစ်သည်။
(ဟာဂျူလီ-ကသာ)
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ။
မှတ်ချက် - စာထောက်၍ မချောသည့် ဝါကျအချို့အား
ပြင်ဆင်တည်းဖြတ်ထားပါသည်။ ရဲကျော်သူ
================
Copy and #Credit
KoNyanHtun