ဝနဝါသီနှင့် တစ်ဖက်တာဝန်
==================
ဝနဝါသီ ထိုငါသည်ကား. . .
လှည့်လည်ကျက်စား တောတောင်များ၌
တရားလည်းဝင် ဓူတင်လည်းဆောင်
နှစ်ဖက်မြှောင်ကို ချောင်ကာပိတ်ဆည်း
တစ်ပါးတည်း ဖြည့်ဆည်းနေဆဲပင်။
ထိုသို့ထီးတည်း
ကိုယ့်တွက်ချည်းသာ ဖြည့်ဆည်းပါကြောင့်
ဒကာစားစား နောက်လိုက်များအား
တရားဟောခြင်း ပြသခြင်း
လွတ်ကင်းနေချေပြီ။
ထိုသည့်လွတ်ကွက် တာဝန်ပျက်ကို
ပေးဆပ်ကထာ စာများစွာဖြင့်
သည်ဟာသည်လို သည်ဆိုသည်သို့
သည်မြို့သည်နား လမ်းပြမြားကို. . .
ပုဏ္ဏားနှင့်မျောက်
ချောက်မှအတက် လမ်းပြချက်ကို
သွေးစက်ချကာ ပြသပါသို့
ငါ့မှာလည်းပဲ တာဝန်ခွဲ
ပြပွဲလုပ်ရပြီ။
ထိုဤကထာ ရေးပြရာ၌
ဆွမ်းခံပြန်ချိန် ဝမ်းမငြိမ်
ရေးချိန်အဖြစ် တာဝန်ပေး။
ဆွမ်းစားပြီးချိန် ဝမ်းပွေလိမ်
ရေးချိန်အဖြစ် တာဝန်ပေး။
အထိုင်နားချိန် စိတ်အားချိန်
ချင့်ချိန်၍ပင် တာဝန်ပေး။
သို့ဖြင်ပင်လျှင်
အုပ်စဉ်မြောက်များ စာစကား
ပေါက်ဖွားခဲ့ချေသည်။
ဆိုပြီးစကား သင်လေးစားလျှင်
ပေးထားအမွေ ဤစာပေကို
ရွှေလိုလည်းသို ငွေလိုလည်းထား
အစားလိုချစ် သုံးဆောင်ရစ်
လွှင့်ပစ်မထားနှင့်. . .။
အကယ်၍များ မစားမသုံး
လုံးလုံးပစ်ပယ် သင်လက်ဖယ်သော်
ရွှေနှယ်လည်းစု ငွေနှယ်စုဖြင့်
လုရအချိန် စိမ်ရစိတ်တွေး
ရေးပေးစာသား လုံ့လထားကား
သဲကြားရေသွန် တပြည်ကျွံ
နွံဝယ်ရွှေနစ် ဖြစ်တော့မည်။
သင့်ဖို့ရေးသား စာစကား
အလကားသက်သက် မဖြစ်သင့်. . .။
ငါ့ဖို့ရာထား အချိန်များ
အလကားသက်သက် မဖြစ်သင့်. . .။ ။
မဟာဗောဓိမြိုင်ဆရာတော်
(၁၃၆၃ ခုနှစ်၊ တပေါင်းလပြည့်၊ ပဋိပတ်တောစခန်း)
==================
ဝနဝါသီ ထိုငါသည်ကား. . .
လှည့်လည်ကျက်စား တောတောင်များ၌
တရားလည်းဝင် ဓူတင်လည်းဆောင်
နှစ်ဖက်မြှောင်ကို ချောင်ကာပိတ်ဆည်း
တစ်ပါးတည်း ဖြည့်ဆည်းနေဆဲပင်။
ထိုသို့ထီးတည်း
ကိုယ့်တွက်ချည်းသာ ဖြည့်ဆည်းပါကြောင့်
ဒကာစားစား နောက်လိုက်များအား
တရားဟောခြင်း ပြသခြင်း
လွတ်ကင်းနေချေပြီ။
ထိုသည့်လွတ်ကွက် တာဝန်ပျက်ကို
ပေးဆပ်ကထာ စာများစွာဖြင့်
သည်ဟာသည်လို သည်ဆိုသည်သို့
သည်မြို့သည်နား လမ်းပြမြားကို. . .
ပုဏ္ဏားနှင့်မျောက်
ချောက်မှအတက် လမ်းပြချက်ကို
သွေးစက်ချကာ ပြသပါသို့
ငါ့မှာလည်းပဲ တာဝန်ခွဲ
ပြပွဲလုပ်ရပြီ။
ထိုဤကထာ ရေးပြရာ၌
ဆွမ်းခံပြန်ချိန် ဝမ်းမငြိမ်
ရေးချိန်အဖြစ် တာဝန်ပေး။
ဆွမ်းစားပြီးချိန် ဝမ်းပွေလိမ်
ရေးချိန်အဖြစ် တာဝန်ပေး။
အထိုင်နားချိန် စိတ်အားချိန်
ချင့်ချိန်၍ပင် တာဝန်ပေး။
သို့ဖြင်ပင်လျှင်
အုပ်စဉ်မြောက်များ စာစကား
ပေါက်ဖွားခဲ့ချေသည်။
ဆိုပြီးစကား သင်လေးစားလျှင်
ပေးထားအမွေ ဤစာပေကို
ရွှေလိုလည်းသို ငွေလိုလည်းထား
အစားလိုချစ် သုံးဆောင်ရစ်
လွှင့်ပစ်မထားနှင့်. . .။
အကယ်၍များ မစားမသုံး
လုံးလုံးပစ်ပယ် သင်လက်ဖယ်သော်
ရွှေနှယ်လည်းစု ငွေနှယ်စုဖြင့်
လုရအချိန် စိမ်ရစိတ်တွေး
ရေးပေးစာသား လုံ့လထားကား
သဲကြားရေသွန် တပြည်ကျွံ
နွံဝယ်ရွှေနစ် ဖြစ်တော့မည်။
သင့်ဖို့ရေးသား စာစကား
အလကားသက်သက် မဖြစ်သင့်. . .။
ငါ့ဖို့ရာထား အချိန်များ
အလကားသက်သက် မဖြစ်သင့်. . .။ ။
မဟာဗောဓိမြိုင်ဆရာတော်
(၁၃၆၃ ခုနှစ်၊ တပေါင်းလပြည့်၊ ပဋိပတ်တောစခန်း)