သညာက စ၍ ခွာပုံ ရှုကွက်
⏩⏩⏩⏩⏩⏩⏩⏩
သဲအင်းဂူ ဆရာတော်ဘုရားကြီးက...
ဒကာကြီးတွေ ဒကာမကြီးတွေ --- သက်သက်သာသာကလေးနဲ့ ကြာရှည်ထိုင်နှိုင်မဲ့ ဣရိယာပုတ်နဲ့ ထိုင်ကြပါ။
ကျောရိုးကို ကွေး မထားပါနဲ့ ကျောရိုးကို
ဆန့်ထားပါ။ တောင့်တင်း မထားပါနဲ့။ သက်သက်သာသာထားပါ။ ဒါမှ ကျောရိုးမနာဘဲ ကြာရှည် ထိုင်နှိုင်မယ်။
ကိုယ် လက် ဇက်ကြောများကိုလည်း
တောင့်တင်းမထားပါနဲ့ သက်သက်သာသာ နဂိုနေကလေး ထားပါ။
ဒီလို ကိုယ်သဘောကျ ထိုင်ပြီးတဲ့နောက် ဣရိယာပုတ်ကို မပြုပြင်ပါနဲ့တော့၊ ယားရင်လဲ မကုတ်နဲ့။ နာရင် တောင့်ရင် ကိုက်ရင် ခဲရင်လဲ မပြုပြင်နဲ့တော့။
ဒုက္ခဝေဒနာဆိုတာ ဘယ်လိုသဘောလဲ ဆိုတာကို အစ-အဆုံး သိအောင် ရှုပွားခိုင်းနေခြင်း ဖြစ်ပါတယ်။
ကဲ.. အာနာပါန သတိကို ထူထောင်လိုက်ကြပါ တွန်းထွက်သွားတဲ့ လေရဲ့ တွန်းသဘောလေးကို နှာသီးဝ တံခါးပေါက်က အသိစိတ်ကလေးကို အစောင့်ချထားပြီး သိနေပါ။တိုးဝင်လာတဲ့လေရဲ့ တိုးသဘောကလေးကို သိနေပါ။ တွန်းတာ တိုးတာ ဒါပဲသိ။ တခြား ဘာမှမသိနဲ့။
အဲဒီလို တွန်းသဘော တိုးသဘောတွေကို ဒလစပ်သိနေပြီဆိုရင် သတိ မြဲလာပြီ အာနာပါန သတိ ဖြစ်လာပြီ။
သတိပဋ္ဌာန် ဆိုတာ သတိ.ဦးစီးတာ။
ဒီလို သတိမြဲလာတဲ့အခါမှာ သတိအဆင့်က သမာဓိဖြစ်လာလိမ့်မယ်။ စိတ်ကလေး
တည်ငြိမ်လာလိမ့်မယ်။သမာဓိ တည်လာရင် ပရမတ်ရုပ်နာမ်ကိုမြင်တဲ့ ပညာဖြစ်တော့မယ် မကြာတော့ဘူး။
မောဟ အမိုက်မှောင်
"""""""""""""""""""""""""""
မောဟဆိုတာ ဥပမာ ဘာနဲ့တူသလဲဆိုတော့ အမိုက်တိုက်ကြီး အမှောင်တိုက်ကြီးနဲ့တူတယ်။ဒီမောဟအမှောင်ကြီး ဖုံးလွှမ်းထားလို့ ရုပ်နာမ်ဆိုတဲ့ ပရမတ္တသဘာဝကို ထိုးထွင်းပြီး မမြင်နှိုင် မသိနှိုင်ဘဲ ဖြစ်နေရတယ်။
သမာဓိဆိုတာက ဒီအမှောင်တိုက်ကြီးကို
ထိုးဖောက် ထွန်းပြတဲ့ အလင်းရောင်ဓာတ်ကြီး ဖြစ်တယ်။
သမာဓိ အလင်းရောင်
"""""""""""""""""""""""""""
ဒီလို သမာဓိ အလင်းရောင်ဓာတ်ကြီးပေါ်လာပြီး အမှောင်ကြီးထဲကို ထွန်းလင်းပြလိုက်ရင် ပရမတ် ရုပ်နာမ်ရဲ့သဘာဝ တွေကိုမြင်လိမ့်မယ်။
ဒီလို မြင်တဲ့အခါ ဉာဏ်က အမှား.အမှန်ကို ဝေဖန်ဓိကပြုလို့ ရုပ်နမ်တို့ရဲ့ သဘောတွေကို ကုန်စင်အောင် သိမြင်တဲ့အချိန်မှာ မဂ်ပညာက အမှန်ကို တထစ်ချ ဆုံးဖြတ်ချက် ချလိုက်လိမ့်မယ်
မောဟက..အမိုက်မှောင်
သမာဓိက..အလင်းရောင်
ဝိပဿနာက..ဝေဖန်
မဂ်ပညာက..ဆုံးဖြတ်။
အဲ... အခု တရားထိုင်တယ်ဆိုတာ အဲဒီ
ကိစ္စတွေကို ပြီးစီးပြည့်စုံအောင် လုပ်နေတာပဲ
ကဲ...အာနာပါန သတိက အာနာပါန သမာဓိ ဖြစ်လာလိမ့်မယ်။ ခန္ဓာကိုယ်ပေါ်မှာ တင်းတဲ့ ဝေဒနာ တောင့်တဲ့ ဝေဒနာ ကိုက်တဲ့ဝေဒနာ ထုံတဲ့ဝေဒနာ ကျင်တဲ့ဝေဒနာတွေ ပေါ်လာလိမ့်မယ်။
အဲဒီလို...ဒုက္ခဝေဒနာ ပေါ်လာတဲ့အခါ
နှာသီးဝက တွန်းသဘောလေး တိုးသဘောလေးကို သိနေတဲ့ စိတ်ကလေးဟာ
ဝေဒနာကို သူ့သဘောနဲ့သူ သွားပြီးသိလိမ့်မယ်။
ကိုယ်က လုပ်မပေးရပါဘူး အနတ္တသဘောဆိုတာ သူ့သဘော သူဆောင်နေတယ် မဟုတ်လား
ဒီလို ဝေဒနာကို အသိစိတ်ကလေးက သွားပြီး သိတယ်ဆိုရင် ညောင်းတယ် ကိုက်တယ် ခဲတယ် ထုံတယ် ပူတယ်လို့ သွားပြီး သညာမပေးနဲ့ မသတ်မှတ်နဲ့၊ မသိလိုက်နဲ့ ဒီညောင်းညာ ကိုက်ခဲ ထုံကျင် ပူအေးတယ်လို့ သိတဲ့ အသိဟာ
သံသရာလဆန်းတစ်ရက်နေ့က စပြီးသိလာတဲ့ အသိမျိုး။
အမှားကိုသိတဲ့ မိစ္ဆာဒိဋ္ဌိအသိလို့ခေါ်တယ် ဒီမိစ္ဆာဒိဋ္ဌိအသိမျိုးနဲ့ သိလာခဲ့လို့ သံသရာတစ်လျှောက်လုံးကို
ပြေးလျှောက်ခဲ့ကြရတယ်။
ဒီမိစ္ဆာဒိဋ္ဌိ အသိမျိုးနဲ့..ယခု ပစ္စုပ္ပန်မှာ ထပ်ပြီး သိနေဦးမယ်ဆိုရင် သံသရာကို ပြေးလျှောက်ရလိမ့်ဦးမယ်။ အပါယ်လေးရွာကို ကျကြရလိမ့်ဦးမယ်။
ရှုကွက်..(2)
⏩⏩⏩⏩
မိစ္ဆာ ကို သမ္မာ နဲ့ အစားထိုး
"""""""""""""""""""""""""""""""""""
ဒီတော့ ဒီမိစ္ဆာဒိဋ္ဌိ အသိကို သမ္မာဒိဌိ အသိနဲ့ အစားထိုးပြီး သိလိုက်ပါ။ ဘယ်လိုသိရမှာလဲတဲ့
ညောင်းလာရင်..ဝေဒနာ၊ကိုက်လာရင်လဲ
ဝေဒနာ၊ ထုံလာရင်လဲ..ဝေဒနာ ပူလာရင်လဲ ဝေဒနာ ၊အေးလာရင်လဲ ဝေဒနာ စတဲ့ဝေဒနာရဲ့ သဘောကို သိအောင် ကြည့်ပြီး ဝေဒနာ
တစ်လုံးပဲသိ။ တခြား ဘာမှမသိနဲ့၊
ညောင်းတယ် ညာတယ် ကိုက်တယ် ခဲတယ် ထုံတယ် ကျင်တယ် ပူတယ် အေးတယ် လှုပ်တယ် ရွတယ်ဆိုတာ မရှိတဲ့တရားတွေ။ သညာဝိပ္ပလ္လာသက လိမ်လိုက်လို့ သူ့အလိမ်ကို ခံလိုက်ရလို့ ဒီလို ညောင်းညာ ကိုက်ခဲတယ်လို့ မိစ္ဆာဒိဋ္ဌိ အသိနဲ့ သိနေတာ။
အနတ္တ တရား
"""""""""""""""""
ရှိတဲ့တရားက ဘာလဲတဲ့ ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုကြောင့် ဝေဒနာတွေ ပေါ်လာတယ်။ ဒီဝေဒနာ ဆိုတဲ့ နာမ်ဟာ ခံစားတဲ့သဘော
ခံစားတာပဲ ရှိတယ်။ အခြား ဘာမှ မရှိဘူး။
ဝေဒနာရဲ့ ခံစားတဲ့သဘောဟာ တကယ်ရှိ အဟုတ်ရှိတဲ့ ပရမတ္တသဘာဝဘဲ၊ သူ့သဘောကို သူဆောင်နေတဲ့ အနတ္တသဘောဘဲ။ မနာနဲ့ မကျင်နဲ့လို့ သူ့ကိုသွားပြီး ဩဇာပေးလို့ မရဘူး။
နာပါ ကျင်ပါ ကိုက်ပါ ခဲပါလို့ သူ့ကို သွားပြောလို့ မရဘူး။ သူ့သဘောနဲ့ သူအကြောင်းပေါ်မှ အကျိုးဖြစ်လာတဲ့တရား အစိုးမရ အနတ္တတရားပဲ
အနိစ္စတရား
""""""""""""""""
ဒီလို ပေါ်လာတဲ့ ဝေဒနာရဲ့ သဘောကို
သိအောင် လိုက်ကြည့်။ ခံစားတယ် ဆိုတဲ့
သဘောကလေးကို တွေ့လိမ့်မယ်။ ခံစားတဲ့
သဘောကို တွေ့သိနေရင် ခံစားတဲ့သဘော
အစ နဲ့ အဆုံးကို သိအောင်လိုက်ကြည့်ပါ။
ခံစားတဲ့သဘောဟာ သူ့သဘော နဲ့ သူ
ဖြစ်ပေါ်လာပြီး သူ့သဘောနဲ့သူ ချုပ်ဆုံး
သွားတာကို #စာတွေ့မဟုတ်ဘူး ငါတွေ့ လက်တွေ့ သိလိမ့်မယ်။
အဲဒီလို ဖြစ်ပြီး ပျက်သွားတဲ့ သဘောဟာ
အနိစ္စ မမြဲခြင်းသဘောဘဲ မဟုတ်လား။
ပါးစပ်က အနိစ္စ အနိစ္စ လို့ ရွတ်မနေရပါဘူး။
#မမြဲတဲ့သဘောကို သိနေတယ်ဆိုရင် တော်ရောပေါ့။
သမာဓိအား ကောင်းအောင်
"""""""""""""""""""""""""""""""""""
တင်းတဲ့ တောင့်တဲ့ ဝေဒနာတွေ ပြင်းပြလာရင် အာနာပါန ရှူ ရှိုက်မှုကို ခပ်ပြင်းပြင်း
ခပ်မြန်မြန်လေး ရှူ ပေးလိုက်။ ဝေဒနာ တက်လာတာကို သမာဓိက မှီအောင် မလိုက်နှိုင်လို့ မခံသာ ဖြစ်လာတာ။
သမာဓိ အင်အားကောင်းအောင် မထူထောင် တတ်သေးလို့ ဝေဒနာဟာမခံသာ ဖြစ်လာတာ။ သမာဓိ ဦးဆောင်ပေးတတ်လာရင် ဝေဒနာဟာ အညွန့်တက်မလာနှိုင်တော့ဘူး။
ဝေဒနာဆိုတာ.မမြဲတဲ့ တရား။ပေါ်လာရင် ပျက်ရမယ့်တရား ဆိုတာ ယုံယုံ ကြည် ကြည် သိထား။ သည်းခံပါ။ သည်းခံပြီး အားထုတ်ပါ။ သည်းခံရင် နိဗ္ဗာန်ရောက်ပါလိမ့်မယ်။ ဘာကို သီးခံရမလဲတဲ့၊ ဒုက္ခဝေဒနာကို သည်းခံရမယ်။
ခန္ဓာကိုယ်ကြီးကို တရားအားမထုတ်ခင်က သုခတုံးသုခခဲကြီးလို့ ထင်ခဲ့ကြတယ်။ယခု တရား အားထုတ်တော့ ဘယ်မှာလဲ သုခု သုခရှိသေးရဲ့လား၊ ဒုက္ခတုံး ဒုက္ခခဲကြီး ဆိုတာ သိကြပြီ မဟုတ်လား။
#တရားအားထုတ်တယ်ဆိုတာ မမြဲတဲ့
သဘော ဆင်းရဲ ဒုက္ခ ရောက်တဲ့သဘော၊
အစိုးမရတဲ့ သဘောတွေကို ငါတွေ့ လက်တွေ့ တွေ့သိအောင် လုပ်တာ၊ တခြားဘာကိုမှ သိအောင် လုပ်တာ မဟုတ်ဘူး။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
ရှုကွက်.. (3)
🔅🔅🔅🔅
ဣရိယာပုတ် နဲ့ ဖုံးထားလို့
"""""""""""""""""""""""""""""""""
ခန္ဓာကိုယ်ကြီးဟာ ညောင်းညာ ကိုက်ခဲ
လာတဲ့ အခါ.တရားအားမထုတ်တဲ့ အခါမှာ
ဆိုရင် ဣရိယာပုတ်ကို ပြုပြင် ပြုပြင်ပေးနေလို့ ဒုက္ခကို ဣရိယာပုတ်နဲ့ ဖုံးထားလို့ ဒုက္ခတုံး ဒုက္ခခဲကြီးကို သုခတုံး သုခခဲကြီးလို့ ထင်နေကြတယ်။
ဣရိယာပုတ်ကို မပြုပြင်ဘဲ တရားအား
ထုတ်လိုက်တော့ ဒုက္ခတုံး ဒုက္ခခဲကြီးက
သုခလို့ ထင်အောင် အယောင်ဆောင် မပြ
နှိုင်တော့ဘူး။
ခန္ဓာကိုယ်ကြီးက ကျွန်တော်ဟာ ဒုက္ခတုံး
ကြီးပါဗျာ..လို့ မှန်သော အတိုင်းပြောပြနေပြီ
မဟုတ်လား။
ပုဂ္ဂိုလ်ဘဲ.သတ္တဝါဘဲ.မိန်းမဘဲ.ယောက်ျားပဲ ဆိုတာ ရှိသေးရဲ့လား။ မရှိတော့ဘူး..
မဟုတ်လား။ ခံစားတတ်တဲ့ သဘော.ဝေဒနာပဲ ရှိနေတယ် မဟုတ်လား။
အဲဒီ.. ဝေဒနာရဲ့သဘောကို ဒလစပ် သိနေအောင် တရားကို အားထုတ်တာဘဲ။
ကြိုးစားကြပါ..ကြိုးစားပါ ။ ဝေဒနာ ပြင်းလာရင် ပြင်းပြင်းကလေး..ရှူ ပေးပါ။ ဝေဒနာကို အရှုံးမပေးလိုက်နဲ့။ ပြင်ချင်တယ် တော်ချက်တယ် ဆိုတဲ့ စိတ်ကလေးပေါ်လာရင် လက်မခံပါနဲ့။ လက်ခံပြီး ပြင်လိုက်မယ် တော်လိုက်မယ်ဆိုရင် အပါယ်ကျသွားပါလိမ့်မယ်။
သေခါနီးဆဲဆဲမှာ
""""""""""""""""""""""
သေခါနီးဆဲဆဲ ကျတော့ ဒီ ဒုက္ခဝေဒနာတွေ ပေါ်လာလိမ့်မယ်။ ဒီလို ပေါ်လာတဲ့အခါ ပြုပြင်လို့ ရမလား။ တော်လိုက်ဦးမယ် ဆိုလို့ ရမလား။ မရဘူး။
ဒီလို ဒုက္ခတွေ ပေါ်လာတဲ့ အချိန်မှာ ဝေဒနာ နာမ်.ခံစားတယ် ဆိုတဲ့ သဘောကို
အမှန် မသိဘဲ နာတယ် ကျင်တယ် ကိုက်တယ် ခဲတယ်လို့ သွားပြီး မိစ္ဆာဒိဋ္ဌိ အမှားအသိကြီးနဲ့ သိလိုက်ရင် အမယ်လေး.. အဘလေး.. ယူပါလေး .. ကယ်ပါလေးနဲ့ အော်ဟစ် ညည်းညူ သေခဲ့ရင် မိစ္ဆာဒိဋ္ဌိကြီးက အပါယ်လေးဘုံကို တွန်းပို့လိုက်လိမ့်မယ်။
သမာဓိကို ဦးဆောင်ပေးပါ။ ရှေ့စိတ်က
တော်ချင်ရင် နောက်စိတ်က တွန်းတင်ပေးပါ၊ တစ်ထိုင်ထဲနဲ့ ဒုက္ခဝေဒနာတွေ ချုပ်ဆုံးပြီး သုခဝေဒနာ ခံစားကာ အေးငြိမ်း ချမ်းသာတဲ့ နေရာကလေးကို ရောက်လိမ့်မယ်။
ဒုက္ခရှိရင် သုခရှိရမယ်ပေါ့။ ကြိုးစားပါ--- ကြိုးစားကြပါ...။
သဲအင်းဂူဆရာတော်ဘုရားကြီး၏
တရားအားထုတ်စ ယောဂီ အသစ်များကို
ပေးသော ရှုကွက် အကျဉ်းကို ဖော်ပြပေး
လိုက်ပါတယ်ခင်ဗျာ---။
မဇ္ဈိမလမ်း.ဝိမုတ္တိ
.......