အရှိန်
*****
* အရိယာတို့၏ ဓမ္မအရှိန်၊
* သူတော်ကောင်း အစားစားများ၏ သီလအရှိန်
များသည် အငွေ့သတ္တိမျှရှိသော ဂုဏ်ထူးများ ဖြစ်
လေရာ...
-မစပယ်၏ရင်ကိုခွဲ၊ပုလဲဖွေရှာသူမျိုးသို့လည်း
ကောင်း။
-ဝမ်းဘဲ၏ ရင်ကိုထု ရွှေဥရှာသူမျိုးသို့လည်းကောင်း။
-ဟင်္သာ၏ အတောင်ကိုနုတ် ရွှေကိုယက်ထုတ်သူ
မျိုးသို့လည်းကောင်း။
**ခင်အောင်ပေါင်း အတောင်းမကြမ်းရာ။
**ကြင်ယောင်ဆွဲ အတွဲမရမ်းရာ။
အကယ်တိတိ ကြမ်းမိရမ်းမိခဲ့သော်...
မှန်ကြည်ထက်က အရိပ် လက်သည်းနှင့်တို့ဆိတ်
သည်နှင့် ဘာမျှမခြားနား။
မဟာဗောဓိမြိုင်ဆရာတော်