``သာသနာငါးထောင် နားမယောင်လေနဲ့``
==ဒေါက်တာမရှင်သောပါက==
****************************
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောမှုများပြုလုပ်ရာ၌ ဓမ္မကထိကဆရာတော်၊ မဘသဆရာတော်များ၏ အမျိုးသားရေးဟောပြောချက်များတွင် သာသနာတော်မကွယ်ပျောက်ရေးအတွက် ကာကွယ်စောင့်ရှောက်နည်းဟောပြောမှုများအပေါ်အခြေခံ၍ ဝေဖန်မှုများစွာတို့ ပေါ်ပေါက်လာခဲ့ပါတယ်။
မဘသကိုတိုက်ခိုက်လိုသူများက ''သာသနာ''ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောဆိုလာကြတာတွေ့ရပါတယ်။
''သာသနာ''ဆိုတာ စောင့်ရှောက်စရာမလိုပါဘူး။ အလကား အပိုလုပ်နေတယ်ဆိုတာတစ်မျိုး၊ သာသနာငါးထောင်လို့ ဘုရားဟောထားတာမို့ မစောင့်ရှောက်လည်း တည်မှာပါပဲဆိုတာတစ်ဖုံ၊ သာသနာကိုဖျက်ဆီးမှာကလူမျိုးခြား၊ ဘာသာခြားများမဟုတ် သာသနာ့ဝန်ထမ်းရဟန်းများကြောင့်သာ သာသနာကွယ်မှာလို့ပြောသူကတစ်နည်း အမျိုးမျိုးနဲ့ ပြောနေကြတာပါ။
လူတွေသာပြောနေကြတာမဟုတ်ဘဲ စာမတတ်ပေမတတ်နဲ့ ပလ္လင်ပေါ်တက်ဟောနေတဲ့ ပုဂ္ဂိုလ်တွေကပါ ရောရောင်ပြီးပြောဟောနေကြတာက စိတ်မကောင်းစရာပါ။
အဲဒီလိုပုဂ္ဂိုလ်မျိုးတွေကြောင့် သာသနာအတွက် ရင်လေးစရာဖြစ်လာတာပါ။
ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတွေကို မသင်ဖူးမလေ့လာဖူးဘဲနဲ့ ပိဋကတ်မြန်မာပြန်လေးတချို့နဲ့ တခြားဘာသာရေးစာအုပ် အတိုအထွာလေးလောက်ဖတ်ပြီး ပလ္လင်ပေါ်တက် လူတွင်ကျယ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ လူကြိုက်များစကားတွေကြောင့် သာသနာအရေးဟာ ရင်လေးစရာဖြစ်ရတာပါ။
အဲဒီလိုပုဂ္ဂိုလ်တွေရဲ့စကားကို အခွေထုတ်ဖြန့်ချိနေသူတွေကလည်းရှိနေပြန်တယ်။
''လူမျိုးခြား၊ ဘာသာခြားများကြောင့်သာသနာကွယ်မယ်လို့ ဘုရားဟောခဲ့သလား''စတဲ့စကားကို အတည်ပြောကာ လူကိုအယုံသွင်းနေကြတယ်။
ဘုရားဟောခဲ့တာက သာသနာ့ဝန်ထမ်း ရဟန်းများကြောင့်သာဖြစ်တယ်လို့ ဟောခဲ့တာပါလို့ သက်သေထူပြီး ပြောပြန်တယ်။
သာသနာကွယ်ကြောင်း တရားပေါင်းတွေထဲမှာတော့ ''လူမျိုးခြား၊ ဘာသာခြားကြောင့်လို့ မပါပေမယ့် သာသနာကွယ်ခဲ့တဲ့ နိုင်ငံတွေကိုကြည့်ရင် လူမျိုးခြား၊ ဘာသာခြားတွေကြောင့်ချည်းပဲဆိုတာ ငြင်းဖွယ်ရာမရှိတော့ပေ။
အမြင်ကျယ်ဖို့လိုပါတယ်။
တစ်ဖက်တည်း ကြည့်လို့မရပေ။
ယခင်အပတ် သာကီသွေးဂျာနယ်အမှတ် (၁၁)မှာလည်း အင်းစိန်ရွာမဆရာတော်ကြီးက မိန့်ကြားရေးသားခဲ့ပြီးသားလည်းဖြစ်ပါတယ်။
''သူ့အမြင်၊ သူ့ရည်ရွယ်ချက်ဖြင့်သာ တိုင်းတာလျှင် လက်ခံရမလိုဖြစ်ပါသည်။
မြင်သိမှုမှန်သမျှ ရှုမြင်သူ၏ အမြင်အားပါဝါအပေါ်မှာသာ မူတည်ပါသည်။
တစ်ထွာတစ်မိုက်လောက်သာ မြင်ပါဝါဖြင့် ရှုမြင်လျှင် တစ်ထွာတစ်မိုက် လောက်သာမြင်မည်။
တစ်လံတစ်ဖာလုံ တစ်မိုင်စသည်မြင်အားမြင့် ပါဝါဖြင့်ရှုမြင်လျှင် တစ်လံတစ်ဖာလုံ တစ်မိုင်စသည်အတိုင်းအတာအထိ မြင်နိုင်မည်''ဟု အင်းစိန်ရွာမဆရာတော်ကြီးက ထောက်ပြထားပါတယ်။
ဆိုလိုတာက လူမျိုးခြား၊ ဘာသာခြားတွေကြောင့် သာသနာကွယ်တာ မဟုတ်ဘူးဆိုတဲ့သူတွေရဲ့အမြင်ဟာ တစ်ထွာတစ်မိုက်လောက်သာ မြင်တဲ့အမြင်နဲ့ ပြောဆိုနေသူဖြစ်တယ်ဆိုတာပါပဲ။
ဒါတွေကိုပဲ တစ်ထွာတစ်မိုက်အသိနဲ့လူတွင်ကျယ်ဟောပြောနေသူကိုလည်း တစ်လံတစ်ဖာလုံ တစ်မိုင်စသည်မြင်အားမြင့် ပါဝါအားကောင်းအောင် ကြိုးစားပါလို့ တိုက်တွန်းပေးလိုက်သလိုပါပဲ။
သာသနာမကွယ်အောင် သာသနာကြီးတည်တံ့ပြန့်ပွားအောင် လုပ်ဆောင်နိုင်သူဟာရဟန်းသံဃာတော်များပင် ဖြစ်ပါတယ်။
သာသနာမကွယ်ရေးအတွက် အဓိကဆောင်ရွက်ပေးနိုင်သူများဖြစ်တဲ့ သံဃာတော်များမရှိရင်သာသနာဆိုတာ မရှိနိုင်ဘူး။
ဒါကြောင့် သာသနာဆိုတာ သံဃာပါပဲ၊ သံဃာမရှိရင် သာသနာမရှိနိုင်။
သာသနာနဲ့ သံဃာဟာ ခွဲလို့မရသလိုကွဲလို့လဲ မဖြစ်ဘူး။
သာသနာ့ဝန်ထမ်းဖြစ်တဲ့ သံဃာတော်များက ပရိယတ်၊ ပဋိပတ်လုပ်ငန်းများ သင်အံလေ့ကျက်မှုများ မလုပ်နိုင်တော့ဘူးဆိုရင်ဘုရားဟောပိဋကတ်တော်တွေဟာ ပျောက်ကွယ်ပျက်စီးနိုင်သွားမှာဖြစ်ပါတယ်။
ဘုရားဟောပိဋကတ်အဆုံးအမ,မရှိရင် သာသနာဆိုတာလည်း မရှိတော့ပါဘူး။
ဘုရားရှင်ပရိနိဗ္ဗာန်စံသည်မှ နောက်ပိုင်း၌ သံဃာတော်များဟာဘုရားဟောပိဋကတ် အဆုံးအမများကို နှုတ်နဲ့အဆက်ဆက် သင်အံလေ့ကျက်ပြီး သယ်ဆောင်လာခဲ့ကြပါတယ်။
ခေတ်အဆက်ဆက်အနှောင့်အယှက် အဖျက်အဆီးတွေကြားထဲမှာ ရှင်သန်အောင် ဆောင်ရွက်နိုင်ခဲ့ကြလို့လဲဒီကနေ့ သာသနာတော်နှစ် ၂၅၅၉-ခုနှစ်တိုင်အောင် တည်တံ့နိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။
သံဃာ့ကျေးဇူးကို နားလည်ကြဖို့လိုပါတယ်။
''သာသနာငါးထောင်တဲ့ မင်းတို့နေရရင်နောက်ထပ်နှစ်ပေါင်း ၂၅ဝဝ တောင်မရှိတော့ပါဘူး။
လုပ်ထားကြပေါ့ကွာ''စတဲ့ အွန်လိုင်းမှာမထိတထိ တစ်ဖက်သားနစ်နာအောင် စော်ကားရေးသားတဲ့ ဘာသာခြားတွေရဲ့ ထိုးနှက်ချက်တွေလည်း တွေ့ရပါတယ်။
တချို့ ဗုဒ္ဓဘာသာဝင်တွေလည်း ခုချိန်အထိ သာသနာငါးထောင်ဆိုတဲ့စကားကို နားယောင်နေကြတုန်းပင် ဖြစ်နေပါသေးတယ်။
တကယ်တော့သာသနာငါးထောင် သက်တမ်းရှည်မယ်လို့သာသနာရဲ့သက်တမ်းကို ဘုရားမဟောခဲ့ပါဘူး။
သာသနာငါးထောင်ဆိုတာ ဘုရားဟောမဟုတ်ဘူး။
အဋ္ဌကထာဆရာရဲ့ ယူဆချက်သာ ဖြစ်ပါတယ်။
ပါဠိတော်လာစကား မဟုတ်ပါဘူး။
ဘုရားရှင်ဟောတော်မူခဲ့တဲ့ သာသနာနဲ့ပတ်သက်တဲ့ အကြောင်းကို ပြောရမယ်ဆိုရင်မြတ်စွာဘုရားရှင် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ်မှာ မိထွေးတော်ဂေါတမီရောက်လာပြီး အမျိုးသမီးများအတွက် ဘိက္ခုနီသာသနာခွင့်ပြုဖို့တောင်းပန်ခဲ့ပါတယ်။
အဲ့ဒါကို မြတ်စွာဘုရားက ခွင့်မပြုခဲ့ဘူး။
တစ်ဖန် ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံးပြန်တော့မိထွေးတော်ဂေါတမီက သာကီဝင်အမျိုးသမီးများကို ခြံရံလျက် ရောက်လာပြန်တယ်။
အလွန်ပင် ပင်ပန်းနွမ်းနယ်လှသော မိထွေးတော်ဂေါတမီကို တွေ့ရတော့ အရှင်အာနန္ဒက စိတ်မကောင်းဖြစ်တော်မူကာ မိထွေးတော်ရဲ့ကိုယ်စားမြတ်စွာဘုရားထံ သုံးကြိမ်တိုင်တိုင် လျှောက်ထားခဲ့ပါတယ်။
အဲ့ဒီတော့မှ ဘုရားရှင်က ''ချစ်သားအာနန္ဒာ သာသာနာတော်၌ မာတုဂါမများရဟန်းပြုခွင့်မရပါက သာသနာတော်သည် အနှစ်တစ်ထောင်တည်နိုင်ရာ၏။
အကယ်၍ မာတုဂါများ ရဟန်းပြုခွင့်ပါက သာသနာအနှစ်ငါးရာသာ တည်လတံ့။
အာနန္ဒာ လိမ္မာသောယောက်ျားသည် ရေကန်ထဲမှ ရေထွက်မသွားအောင် ကန်ဘောင်ဆယ်သကဲ့သို့ ငါဘုရားသည်လည်း ဂရုဓမ်ရှစ်ပါးကို ပညတ်ခြင်းဖြင့်ကန်ဘောင်ဆယ်အံ့။
အကယ်၍ မိထွေးတော်သည် ဂရုဓမ်ရှစ်ပါးကို လက်ခံနိုင်ပါက ဘိက္ခုနီသာသနာကို ခွင့်ပြုမည်''ဟု မိန့်တော်မူခဲ့ပါတယ်။
အဲ့ဒီမှာ သာသနာအနှစ်တစ်ထောင်ဆိုတာ ပါပါတယ်။
ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်အနှစ်တစ်ထောင်ကို ဆိုလိုတာဖြစ်ခြင်းကြောင်းအဋ္ဌကထာဆရာက မိန့်ဆိုထားပါတယ်။
ဒါကြောင့် သာသနာငါးထာင်တွက်ဆမှုကို ဒီဃနိကာယ် အဋ္ဌကထာအလိုအရ-
၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်နှစ်ပေါင်း - ၁ဝဝဝ
၂။ ဆဠဘိညာရဟန္တာခေတ်နှစ်ပေါင်း - ၁ဝဝဝ
၃။ တေဝိဇ္ဇာပတ္တရဟန္တာခေတ်နှစ်ပေါင်း - ၁ဝဝဝ
၎။ သုက္ခဝိပဿက ရဟန္တာခေတ်နှစ်ပေါင်း - ၁ဝဝဝ
၅။ ပါတိမောက္ခသံဝရခေတ်နှစ်ပေါင်း - ၁ဝဝဝ လို့ပါရှိပြီးဝိနည်းအဋ္ဌကထာနဲ့ အင်္ဂုတ္တရအဋ္ဌကထာ အလိုအရတော့ -
၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်နှစ်ပေါင်း - ၁ဝဝဝ
၂။ သုက္ခဝိပဿကရဟန္တခေတ်နှစ်ပေါင်း - ၁ဝဝဝ
၃။ အနာဂါမ်ခေတ်နှစ်ပေါင်း - ၁ဝဝဝ
၎။ သကဒါဂါမ်ခေတ်နှစ်ပေါင်း - ၁ဝဝဝ
၅။ သောတာပန်ခေတ်နှစ်ပေါင်း - ၁ဝဝဝ လို့ ပါရှိပါတယ်။
အဲ့ဒီလိုသက်တမ်းကို ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်မှစ၍ အဆက်ဆက်တွက်လိုက်တော့ သာသနာငါးထောင် ဖြစ်သွားရခြင်းဖြစ်ပါတယ်။
ဘုရားရဲ့ တိုက်ရိုက်ဟောကြားချက်မဟုတ်ပါဘူး။
ဘုရားရှင်က ပရိနိဗ္ဗာန်စံတော်မူခါနီးမှာသုဘဒ္ဒရဟန်းကြီးကို ဟောတော်မူရာတွင်''ဣမေစ ဘုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံအသုညော လောကော အရဟန္တေဟိ အဿ= သုဘဒ္ဒ ငါ့တပည့်ရဟန်းတို့သည် ကောင်းစွာနေထိုင်ကြကုန်မူကား ဤလောက၌ ရဟန္တာသည် မဆိတ်သုဉ်းရာ (သာသနာသည် မကွယ်ပျောက်ရာ)''ဟု မိန့်ကြားတော်မူခဲ့ပါတယ်။
ဒါကြောင့် ပြောချင်တာ လောကမှာသံဃာတော်များ ကျင့်ဝတ်ညီစွာနေထိုင်ကြပြီးပိဋကတ်တော်များ သင်အံလေ့ကျက်မှု ရရှိနေသ၍ သာသနာတော်ကြီးဟာလည်း တည်ရှိနေဦးမှာပင် ဖြစ်ပါတယ်။
ထိုသံဃာတော်များအားပိဋကတ်တော်များ သင်အံလေ့ကျက်လို့ရအောင် ဒကာ၊ ဒကာမများက မစောင့်ရှောက်မလှူဒါန်းနိုင်တော့သည့် အခါတွင်လည်းကောင်း၊ သာသနာမကြည်ညိုကြတဲ့ ဘာသာခြား၊ လူမျိုးခြားတို့က သံဃာတော်များကို သုတ်သင်ဖျက်ဆီးကြရင်သော်
လည်းကောင်း သာသနာတော်ဟာ သက်တမ်းရှည်ကြာနိုင်မှာမဟုတ်ပေ။
သံဃာတော်များ ကျင့်ဝတ်မညီဘဲ ဖျက်ဆီးမှ သာသနာပျောက်ကွယ်မယ်ဆိုတဲ့ စကားက မှန်ပင်မှန်ငြားသော်လည်း သာသနာ ကွယ်ခဲ့တဲ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ပါ။
သံဃာတွေဖျက်ခဲ့လို့ သာသနာပျက်ခဲ့တဲ့နိုင်ငံဘယ်နှစ်နိုင်ငံရှိပါသလဲ။
အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှာ သာသာနာကွယ်ခဲ့တာ သံဃာတွေကြောင့်လား၊ ပါကစ္စတန်နိုင်ငံမှာ သာသနာကွယ်ခဲ့တာဟာ အစွန်းရောက်သံဃာတွေကြောင့်လား၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊မလေးရှားတွေမှာ သာသနာကွယ်ခဲ့တာတွေဟာ ရဟန်းတွေကြောင့်လားဆိုတာ စဉ်းစားကြစေချင်ပါတယ်။
ဘာကြောင့် သာသနာကွယ်ခဲ့တာလဲ၊သာသနာကွယ်ခဲ့တဲ့ နိုင်ငံအချို့ရဲ့ သမိုင်းကြောင်းများကို မဘသဥက္ကဋ္ဌဆရာတော်ကြီးသာကီသွေးဂျာနယ် အတွဲ(၃) အမှတ်(၁)ကိုးနဝင်းဖတ်စာမှ ဒီလိုဖော်ပြခဲ့ပါတယ်။
''ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာခေါင်းဆောင်များ ကြောင့်ကြမဲ့မှုကြောင့် -
၁။ အာဖဂန်နစ္စတန်နိုင်ငံ၌ အေဒီ ၁ဝ-တွင် အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို လုံးဝဝါးမျိုလိုက်သည်။
၂။ ပါကစ္စတန်၌ အေဒီ ၇၉-တွင် အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို လုံးဝဝါးမျိုလိုက်သည်။
၃။ ဘင်္ဂလားဒေ့ရှ်၌ အေဒီ ၁၂-ရာစုတွင် အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို လုံးဝဝါးမျိုလိုက်သည်။
၎။ အိန္ဒိယနိုင်ငံ၌ အေဒီ ၁၂-ရာစုတွင်အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို အမြစ်ပါမကျန် ဖျက်ဆီးလိုက်သည်။ သို့သော် ဟိန္ဒူဘာသာအများအပြားရှိနေသဖြင့် အစ္စလာမ်နိုင်ငံမဖြစ်ခဲ့ပါ။
၅။ အင်ဒိုနီးရှား၌ အေဒီ ၁၆-ရာစုတွင်အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို လုံးဝဝါးမျိုလိုက်သည်။
၆။ မလေးရှား၌ အေဒီ ၁၆-ရာစုတွင်အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို လုံးဝဝါးမျိုလိုက်သည်။
၇။ ဖီလစ်ပိုင်နိုင်ငံ၌ ယနေ့တိုင်အောင်အစ္စလာမ်ဘာသာက ဝါးမျိုဖို့ကြိုးစားနေသော်လည်း တောင်ပိုင်းလောက်သာ လွှမ်းမိုးနိုင်သေးသည်။
ကျန်ဒေသများမှာ ခရစ်ယာန်အများအပြား ရှိနေသည်။
၈။ ထိုင်းနိုင်ငံ၌ ယနေ့တိုင်အောင် အစ္စလာမ်ဘာသာက ဝါးမျိုဖို့ကြိုးစားနေသော်လည်းတောင်ပိုင်းလောက်သာ လွှမ်းမိုးနိုင်သေးသည်။
ကျန်ဒေသများမှာ ဗုဒ္ဓဘာသာအများအပြားရှိနေသည်။
၉။ မြန်မာနိုင်ငံ၌လည်း ယနေ့တိုင်အောင် အစ္စလာမ်ဘာသာ ဝါးမျိုဖို့ကြိုးစားနေသော်လည်း အချို့သော ဒေသလောက်သာလွှမ်းမိုးနိုင်သေးသည်။
တစ်နိုင်ငံလုံးဝါးမျိုဖို့ အင်အားကောင်းသော အချို့ပါတီကြီးများကို ခါးပိုက်ထဲထည့်ထားလေပြီ။ ထိုပါတီတို့ကလည်းသူတို့အတွက်သာ လုပ်ပေးနေကြသည်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာမျက်နှာကိုမကြည့်၊ သတိထားပါ ရွှေမြန်မာတို့။''
ဒါတွေကိုကြည့်မယ်ရင် သာသာနာကွယ်ပျောက်ခြင်း အကြောင်းတွေထဲမှာ သာသနာပြုရဟန်းတော်များ သက်သက်ကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။
ထို့အပြင် သာသာနာပြုရဟန်းတော်များက သာသနာအရှည်တည်ဖို့ရန်အတွက်ဒကာ၊ ဒကာမများနဲ့ နိုင်ငံအုပ်ချုပ်သူ မင်းအစိုးရတို့က မထောက်ပံ့ မစောင့်ရှောက်ရင်လည်းသာသာနာ ကွယ်ပျောက်နိုင်တယ်ဆိုတာကိုသတိပြုရပါလိမ့်မယ်။
ဘုရားပွင့်တော်မူခဲ့တဲ့ မြေမြတ်မဟာမဇ္ဈိမဒေသ အန္ဒိယနိုင်ငံသည်ပင် လူမျိုးခြား၊ဘာသာခြားများက ဗုဒ္ဓဘာသာဝင် သာသနာပြုရဟန်းတော်များကို သောင်းချီပြီး သတ်ပစ်ခဲ့ကြခြင်း၊ သာသာနာပြုနာလန္ဒာ ကျောင်းတော်ကြီးနှင့်တကွ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားများ၊ ပိဋကတ်တော်များကို မီးရှို့ဖျက်ဆီးခဲ့ကြတာတွေဟာ သမိုင်းသက်သေတွေပဲ ဖြစ်ပါတယ်။
နာလန္ဒာ တက္ကသိုလ်ကျောင်းတော်ကြီးထဲမှာ ပညာသင်ကြားခဲ့ကြတဲ့ ရဟန်းတော်တစ်သောင်းကျော် မီးရှို့အသတ်ခံခဲ့ရတာဟာသမိုင်းလိမ်မဟုတ်ပါဘူး။
ဖြစ်ရပ်မှန်တွေသာဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေများလာရင်သာသနာပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်က သာသနာကိုမကြည်ညိုဘူးဆိုရင်တော့ ဘာသာ သာသနာဟာ အမြန်ဆုံး ပျောက်ကွယ်တတ်တယ်ဆိုတာကို သတိပြုကြပါလို့ သတိပေးအပ်ပါတယ်။
'ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု'လို့ နှုတ်ကရွတ်ဆိုနေရုံလောက်နဲ့တော့ မြတ်ဗုဒ္ဓသာသနာအဓွန့်ရှည်ကြာ တည်လာနိုင်မှာမဟုတ်ပေ။
သာသာနာတော်တည်နိုင်အောင် ဝိုင်းဝန်းစောင့်ရှောက်ဖို့ရာ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။
ကိုယ်တိုင်လည်း စောင့်ရှောက်ဖို့လိုသလို 'ဓမ္မေ ဟောန္တု သဂါရဝါ' ဆိုတဲ့အတိုင်းတရားတော်ရဲ့အပေါ်မှာ ရိုသေကိုင်းရှိုင်း၍ အလေးထား လေးစားလိုက်နာမှာမှု ရှိဖို့လည်း လိုအပ်ပါတယ်။
ဘုရားအဆုံးအမကို လိုက်နာသူကလည်း လိုက်နာ၊ ကျင့်သုံးနေထိုင်သူကလည်း ကျင့်သုံးနေထိုင်၊ ဟောပြောပို့ချသူကလည်း ဟောပြောပို့ချ၊ သင်အံလေ့ကျက်သူကလည်း သင်အံ့လေ့ကျက်၊ ကာကွယ်စောင့်ရှောက်သူကလည်း ကာကွယ်စောင့်ရှောက်နိုင်ပါမှ မြတ်ဗုဒ္ဓသာသနာတော်ကြီး အရှည်ခံ့တည်တံ့နိုင်မှာဖြစ်ကြောင်း ထပ်လောင်းအသိပေးလိုက်ရပါတယ်။
ဗုဒ္ဓဘာသာဝင်များကသာ အမျိုး ဘာသာ သာသနာအတွက် စောင့်ရှောက်မှုမပြုနိုင်ကြတော့ရင် သာသနာငါးထောင်မပြောနဲ့
ငါးနှစ်တောင် တည်နိုင်ဖို့ရန် မလွယ်နိုင်ပါ။
မြန်မြန်စောင့်ရှောက်မှ များများကြာမှာ၊ များများမစောင့်ရှောက်ရင် မြန်မြန်ကွယ်လိမ့်မယ်ဆိုတာလည်း မှတ်သားထားကြပါဦးလို့ ...။
ဒါကြောင့်မို့ သာသနာငါးထောင်ဆိုတဲ့စကားကို နားမယောင်ဘဲ မိမိတို့စွမ်းနိုင်ရာတာဝန်ကိုယူကြပြီး အမျိုး ဘာသာ သာသနာအတွက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားကြပါလို့ တိုက်တွန်းအပ်ပါတယ်။
ဗုဒ္ဓဘာသာဝင်များဟာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို မစောင့်ရှောက်ရင် တိုင်းပြည်လူမျိုး ဘာသာ သာသနာဟာ မကြာမီ ကွယ်ပျောက်နိုင်တာမို့ မကွယ်ပျောက်ရေးအတွက်တာဝန်သိစိတ်နဲ့ ဟောပြောရေးသား ပို့ချပေးနေရခြင်းသာ ဖြစ်ပါတယ်။
ရှေးရှေးက မင်းကောင်းမင်းမြတ်များကတိုင်းသူပြည်သားများကို စောင့်ရှောက်သကဲ့သို့ယခုခေတ် အစိုးရမင်းများသည်လည်း တိုင်းသူပြည်သား လူအများကို မိမိရင်မှဖြစ်သောသားကဲ့သို့ တရားနှင့်အညီ စောင့်ရှောက်နိုင်ကြပါစေ။
''ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာ
နော တထေဝိမံ၊ ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တ
နောဝ ပဇံ ပဇံ''။
မေတ္တာဖြင့်
``ဒေါက်တာသောပါက(ဇေတဝန်)``
သာကီသွေးဂျာနယ်အတွဲ(၃)အမှတ်(၁၂)
``မဘသ(ဗဟို)Online Media``